





မော်လမြိုင်၊ နိုဝင်ဘာ ၈
နိုင်ငံတော်ဒုတိယသမ္မတ (၂) ဒေါ်နန်းနီနီအေးနှင့်အဖွဲ့သည် ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ရှိ ကျောက်တန်းစက်မှုဇုန်သို့ သွားရောက်ခဲ့ကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
ထိုသို့ သွားရောက်စဉ် M ရာဘာကုမ္ပဏီသို့ ရောက်ရှိခဲ့ကြပြီး ကုမ္ပဏီ၏ ရာဘာထုတ်လုပ်ရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ယင်းနောက် ကုမ္ပဏီတာဝန်ရှိသူများက ရာဘာကုန်ကြမ်းများ လက်ခံရယူခြင်းမှစတင်၍ ထုတ်လုပ်မှုအဆင့်ဆင့်၊ အသုံးပြုသည့် စက်ကိရိယာများနှင့် ကုန်ချောထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
မွန်တို့ဌာနေ
#News #Myanmar
