Myanmar National Post

မိုင်းပျဉ်းမြို့၌ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းဆောင်ရွက်


မိုင်းပျဉ်း ၊  နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ၂၀၂၆ ခုနှစ် ယနေ့နံနက်ပိုင်းမှစတင်၍ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အသက်(၉)လမှ (၅၉)လအရွယ်ကလေးငယ်တိုင်းကို ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်း (၁) ကြိမ် ထိုးနှံပေးခြင်းအား ယနေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အသက်(၉)လမှ (၅၉)လအရွယ် ကလေးငယ်များကိုလည်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ခံဆရာမများက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား မြို့နယ်ကျန်းမာရေးတာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ လင်းထွဋ်က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးပြီး၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များကလည်း ပါဝင်အားဖြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

နန်းသန္တာဦး

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post