Myanmar National Post

ရမည်းသင်းမြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

 

ရမည်းသင်း  ၊ အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စန်းယုနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပြောင်းလဲလာပြီး ပြည်သူများအနေဖြင့် အပူဒဏ်ကိုသတိပြုကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို အောက်တိုဘာ ၉ ရက် နံနက် ၇ နာရီက စည်ပင်သာယာမြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် ပြောင်းလဲလာသည့်ရာသီဥတုအခြေအနေများကြောင့် အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်လာမှုအခြေအနေများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ၊ ရှောင်ကြဉ်ရမည့်နည်းလမ်းများ၊ အပူဒဏ်ကြောင့် ရောဂါဝေဒနာခံစားရသည့် လက္ခဏာများ၊ ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများ၊ အပူဒဏ်အန္တရာယ်ကို အထူးသတိပြုရမည့်သူများ စသည့်အကြောင်း အရာများပါဝင်သည်။

ယင်းအပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်၊ စောင်ရေ ၅၀၀ စောင်ကို ပြည်သူများထံဖြန့်ဝေပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် ကြေညာချက်များကို သတိပြုလိုက်နာစေရေး၊ သတင်းတု၊ သတင်းမှားများကိုလည်း သတိပြုနိုင်ရန် အသိပညာပေးခဲ့ကြောင်း သိရသည်။

အေးခိုင်

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post