Myanmar National Post

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပ



ထားဝယ်  ၊  အောက်တိုဘာ   ၈

တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၇)ဦး၊ စုစုပေါင်း(၂၆)ဦးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့ တက်ရောက်ခဲ့ကြပြီးအခမ်းအနားမှူးအဖြစ် ဦးကျော်စိုးမိုးထွန်း၊ ညွှန်ကြားရေးမှူး၊ လွှတ်တော်ရုံးခေတ္တအကြီးအမှူးက ဆောင်ရွက်သည်။

အစည်းအဝေး၌ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈)ဦးရှိသည့်အနက် (၂၆)ဦး တက်ရောက်ခဲ့သဖြင့် (၉၂ ဒသမ ၈၆) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သောကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံထက်ကျော်လွန်သည့်အတွက် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(တတိယနေ့)အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)တက်ရောက်မှုကို အတည်ပြုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသောကြယ်ပွင့်ပြမေးခွန်း(၁၁)ခုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားသည်။ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော် ပြည်သူများ၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီတွင်အဖွဲ့ဝင်နေရာများကို အစားထိုးဖွဲ့စည်းရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူခြင်း၊ တိုင်းဒေသကြီးလွှတ်တော် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီတွင် အတွင်းရေးမှူးနေရာနှင့်အဖွဲ့ဝင်နေရာတို့ကို အစားထိုးဖွဲ့စည်းရန်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပြီး တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတတိယနေ့) အား နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကျင်းပပြီးစီးခဲ့ပြီး တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post