Myanmar National Post

မိုင်းရယ်မြို့နယ်အတွင်းရှိ လက်လီ၊လက်ကားကုန်စုံဆိုင်များတွင် တရားမဝင်ယစ်မျိုးလုပ်ငန်းများမရှိစေရေး တာဝန်ရှိသူများ စစ်ဆေး


မိုင်းရယ်  ၊  အောက်တိုဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦပေါင်ဒိတ်တုန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ စခန်းမှူး ဒုတိယ ရဲတပ်ဖွဲ့မှူး မျိုးမင်းတို့ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် Task Force အဖွဲ့သည် တရားမဝင်ယစ်မျိုးလုပ်ငန်းများမရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှစ၍ မိုင်းရယ်မြို့ရှိ လက်လီ၊ လက်ကားကုန်စုံဆိုင်များတွင် စစ်ဆေးခဲ့ကြသည်။

အဆိုပါ ပူး‌‌ပေါင်းအဖွဲ့သည် မိုင်ရယ်မြို့အတွင်းရှိ ပိုင်ရှင် ဦးအိုက်ဖုန်၏ “ရေခဲစက် ကုန်စုံဆိုင်” အပါအဝင် လက်လီ၊လက်ကားကုန်စုံဆိုင်(၄)ဆိုင်သို့သွားရောက်၍ တရားမဝင်ယစ်မျိုးလုပ်ငန်းများဖြစ်သည့် အရက်နှင့်ဘီယာများရောင်းချမှုမရှိစေရေး၊ ခွင့်ပြုထားသည့်တည်နေရာမှအပ အခြားနေရာတွင်လုပ်ကိုင်မှုမရှိစေရေး၊ သက်တမ်းကုန်ဆုံးသည့် လုပ်ငန်းလိုင်စင်များကို လုပ်ထုံးလုပ်နည်းများအတိုင်း သက်တမ်းတိုးဆောင်ရွက်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး မိုင်းရယ်မြို့နယ်ရှိ လက်လီ၊ လက်ကားရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များတွင် တရားမဝင်ယစ်မျိုးလုပ်ငန်းများ မရှိကြောင်းနှင့် Task Force အဖွဲ့အနေဖြင့် ယစ်မျိုးအက်ဥပဒေ၊ နည်းဥပဒေများအားအသိပညာပေးခြင်း၊ ရှာဖွေဖော်ထုတ်အရေးယူခြင်းတို့ကို ရပ်ကွက်နှင့်ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မိုင်းရယ်

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post