
မကွေး ၊ နိုဝင်ဘာ ၉
ကျန်းမာရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် "ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း အသိပေးဆွေးနွေးခြင်းနှင့် စတင်ဆောင်ရွက်ခြင်းအထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးမြို၊ မြိုတော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက "မကွေးတိုင်းဒေသကြီးတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် အသိပေးဆွေးနွေးခြင်းနှင့် စတင်ဆောင်ရွက်ခြင်းအထိမ်းအမှတ် အခမ်းအနား" ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် လွန်ခဲ့သည့် နှစ်ပေါင်း (၅၀)အတွင်း ကမ္ဘာတစ်လွှား လူဦးရေသန်း(၁၅၀) ကျော်၏ အသက်ကို ကယ်တင်ပေးနိုင်ခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှု၏ အောင်မြင်မှုပြယုဂ်တစ်ခုဖြစ်သော်လည်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ(WHO)၏ စောင့်ကြပ်ကြည့်ရှုရေးအချက်အလက်များအရ ကမ္ဘာတစ်ဝန်းနှင့် အိမ်နီးချင်းနိုင်ငံအချိုတွင် ဝက်သက်ရောဂါပြင်းထန်စွာဖြစ်ပွားလျက်ရှိသဖြင့် ရောဂါခုခံနိုင်စွမ်းအား ကွာဟချက်(Immunity Gap) များကို အမြန်ဆုံးဖြည့်ဆည်းရန် လိုအပ်နေခြင်းကြောင့် မိမိတိုမြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကာလ နောက်ဆက်တွဲ ကာကွယ်ဆေးလွှမ်းခြုံမှုလျော့နည်းခဲ့သည့် ကလေးငယ် ခန့်မှန်းခြေ(၁.၈)သန်းနီးပါးအတွက် ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းစဉ်များအား Phase(1)အဖြစ် အောက်တိုဘာလတွင် တိုင်းနှင့်ပြည်နယ်(၄)ခု၌ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု Phase (2) အဖြစ် မကွေးတိုင်းဒေသကြီးအပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နိုဝင်ဘာ (၉) ရက်မှ (၁၃) ရက်အထိ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းစဉ်အတွက် WHO၊ UNICEF၊ GAVI အဖွဲ့တို့နှင့်ပူးပေါင်း၍ ဘဏ္ဍာရေးနှင့်နည်းပညာပံ့ပိုးမှုများရယူခဲ့သည့်အပြင် နိုင်ငံတော်မှလည်း ကာကွယ်ဆေးတန်ဖိုး၏ (၅.၂%) ထည့်ဝင်ကျခံထားပြီးဖြစ်သည့်အတွက် ဆေးထိုးစုရပ်နှင့် အချိန်ဇယားများ ပြည်သူထံမှန်ကန်စွာရောက်ရှိရေး၊ သတင်းစကားများ အသိပေးရေးနှင့်ကျန်ရှိကလေးများအား ပြန်လည်ရှာဖွေထိုးနှံပေးနိုင်ရေးတိုတွင် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီနှင့်လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် လုံခြုံစိတ်ချရသော ကာကွယ်ဆေးထိုးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြသည်။ ထိုနောက် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း(၂၀၂၆) စတင်ထိုးနှံခြင်း အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနား Video Clip ပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသည့် ကလေးငယ်(၂၀) ဦးအား ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ ကလေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း
https://t.me/MyanmarNationalPost