
ပခုက္ကူ ၊ နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ဆုကြီးပန်ပရိယတ္တိစာသင်တိုက်ရှိ သာသနာဝင်၊ သာသနာ့ နွယ်ဝင်များအား ယနေ့နံနက်ပိုင်းက UID ကတ်များ အခမဲ့ကွင်းဆင်း ဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ထွန်းလှိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့် ဝန်ထမ်းများ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများက ပခုက္ကူမြို့၊ ဆုကြီးပန်ပရိယတ္တိစာသင်တိုက်ရှိ ရဟန်း (၄၆) ပါး၊ သာမဏေ (၁၄) ပါး၊ သီလရှင် (၄) ပါး စုစုပေါင်း (၆၄) ပါးတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ Biometric စက်ဖြင့် ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်း၊ UID ကတ်ပြုလုပ်ပေးခြင်းများ အခမဲ့ကွင်းဆင်းဆောင်ရွက်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက သာသနာဝင်၊ သာသနာ့ နွယ်ဝင်များထံ UID ကတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost