Myanmar National Post

မြစ်သားမြိုနယ်၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွား‌ပေါ်ပေါက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ အသင့်စုဖွဲ့လေ့ကျင့်ဆောင်ရွက်



မြစ်သား  ၊ နိုဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် သဘာ‌ဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်ပါက အချိန်နှင့်တပြေးညီတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုဝင်ဘာ ၉ ရက် ညနေ ၃ နာရီတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက လူ၊ ယာဉ်၊ စက်ကိရိယာများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အသင့်စုဖွဲ့လေ့ကျင့်ခဲ့ကြောင်း သိရသည်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်  အသင့်စုဖွဲ့လေ့ကျင့်ခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေးနှိုး‌ဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အတွင်းသဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများကို ကြိုတင်ကာကွယ်စောင့်ရှောက်ကူညီ ပေးနိုင်ရေးအတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးအထောက်အကူပြုပစ္စည်းများဖြစ်သည့် ယာဉ်နှင့်စက်ကိရိယာများကိုလည်း အသင့်စုဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်း‌ကျော်ထံမှ သိရသည်။ 

ဝါဝါမြင့် (မြစ်သား)

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post