Myanmar Digital News

ကျိုင်းတုံမြို့နယ် နမ့်ခင်-နမ့်ခုန် ရေနိမ့်တံတား ဆောင်ရွက်လျက်ရှိ

ကျိုင်းတုံ နိုင်ဝင်ဘာ ၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်နယ်(မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဝမ်အင် - ဝမ်လွမ်း - ဝမ်ကန် - ဝမ်လိန်း - ဘော်ဖာလမ်း (ဝမ်အင် - ဝမ်လွမ်း)ကြား နမ့်ခင် - နမ့်ခုန် ရေနိမ့်ချောင်းကူးတံတား ဆောင်ရွက်နေမှုကို နိုဝင်ဘာ ၈ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စစ်ဆေးရေးအရာရှိချုပ် ဦးဇော်မျိုးထွေး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် တာဝန်ရှိသူများက နမ့်ခင်-နမ့်ခုန်ရေနိမ့် ချောင်းကူးတံတား အရှည် ပေ ၁၅၀၊ အကျယ် ၁၇ ပေ (ဒုတိယပိုင်း) လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်သွားနိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ သည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News