လေးမျက်နှာ နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ပေါက်ကုန်းကျေးရွာ တောင်သူ ဦးကြည်မြင့်၏ လယ်မြေ၌ ယနေ့နံနက်ပိုင်းတွင် ဆောင်းဆီထွက်သီးနှံ နေကြာစံပြစိုက်ခင်း စိုက်ပျိုးပွဲကျင်းပသည်။
ပေးအပ်
စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်နှင့် တောင်သူများ တွေ့ဆုံပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆောင်းဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်သည်။
လေးမျက်နှာမြို့နယ်အတွင်း စားသုံးဆီဖူလုံမှုရှိစေရန် ယခင်နှစ်များထက် ဆောင်းသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက လျာထားဆောင်ရွက်လျက်ရှိရာ ဆောင်းနေကြာ စိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ လာမည့်ဆောင်းရာသီများတွင်လည်း ပိုမိုစိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိပြီး တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့် မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစု အထောက်အပံ့များကို တာဝန်ရှိသူများက ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)