Myanmar Digital News

ငါးသိုင်းချောင်းမြို့၌ အခြေခံ ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်

ငါးသိုင်းချောင်း နိုဝင်ဘာ ၉

 

 ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီက ကြီးမှူးကျင်းပသည့် အခြေခံဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ငါးသိုင်းချောင်းမြို့ အမျိုးသားခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်က အမှာစကား ပြောကြားပြီး  သင်တန်းနည်းပြဆရာ အစိုးရနည်းပညာ အထက်တန်းကျောင်း ဒုတိယကျောင်းအုပ်ဆရာကြီး ဦးရဲမင်းထိုက်က သင်တန်းပို့ချမည့် ဘာသာရပ်များအကြောင်း ရှင်းလင်း ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးက သင်တန်းစရိတ်ထောက်ပံ့ငွေများ ပေးအပ်သည်။ 

 

အဆိုပါ သင်တန်းတွင် သင်တန်းသား ၂၀ အား သင်တန်းကာလ တစ်လကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News