လင်းခေး နိုဝင်ဘာ ၉
ကျောင်းသား ကျောင်းသူလူငယ်များ ယာဉ်အန္တရာယ်ကင်းဝေးစေနိုင်ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လင်းခေးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်မင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများနှင့် မော်တော်ယာဉ်များ မောင်းနှင်စီးနင်းသည့်အခါ လိုက်နာရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။
အသိပညာပေးဟောပြောပွဲသို့ စခန်းမှူးနှင့် တာဝန်ရှိသူများ၊ အဆိုပါကျောင်းမှ ဆရာ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၀၂၀ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)