Myanmar Digital News

ပုသိမ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကြက်ဥများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ပုသိမ် နိုဝင်ဘာ ၉

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကြက်ဥများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဆောင်ရွက်သည်။

 

ယင်းသို့ ရောင်းချပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၄၂၀ ဖြင့် ဝန်ထမ်းတစ်ဦးလျှင် ၁၀ လုံးနှုန်းဖြင့် ပုသိမ်မြို့ရှိ  ဌာနဆိုင်ရာဝန်ထမ်းများအား ကြက်ဥ အလုံး ၃၆၀၀ ကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့်  ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News