ထားဝယ် နိုဝင်ဘာ ၉
တနင်္သာရီ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် KMA Group of Companies Ltd မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
ဦးစွာ KMA Group of Companies Ltd မှ တာဝန်ရှိသူများက ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ကော့သောင်းဒေသတွင် ကျွန်းပေါင်း ၁၁ ကျွန်းရှိပြီး ရေချိုခြောက်ကျွန်းရှိကြောင်း၊ ကျွန်းများရှိ ဟိုတယ်များတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျွန်းများတွင် နေထိုင်သည့် ဆလုံလူမျိုးများကို အစိုးရအဖွဲ့အနေဖြင့် ကူညီစောင့်ရှောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမျိုးစု မပျောက်ကွယ်စေရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ မပျောက်ပျက်စေရေးနှင့် ပညာရေး၊ ကျန်းမာရေးများကိုလည်း ပြည့်စုံအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ KMA Group မှ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများဆောင်ရွက်သည့်အခါတွင် ၎င်းအချက်များကို အလေးနက်ထား ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)