လွိုင်ကော် နိုဝင်ဘာ ၉
၂၀၂၆ ခုနှစ် ကယားပြည်နယ် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စဉ်ဆက်ပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က ၂၀၂၆ ခုနှစ် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၊ စဉ်ဆက်ပညာရေးလုပ်ငန်းသည် ကယားပြည်နယ် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ ပညာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် ခြေလှမ်း တစ်ရပ်ဖြစ်ပါကြောင်း၊ စာတတ်မြောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိရာတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ရွာအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက မိမိတို့အကျိုး၊ ဒေသအကျိုးအတွက် စဉ်ဆက်ပညာရေးလုပ်ငန်းကို တစ်တပ်တစ်အား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် အလေးအနက်ထား တိုက်တွန်းပါကြောင်း ပြောကြားပြီး ကယားပြည်နယ် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ချီးမြှင့်ငွေနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နည်းပြနှင့် ကြီးကြပ်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ယမန်နေ့က ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်း ထူးချွန်သည့် ဂေါက်သီး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး ကယားပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဟေမန်ဦးဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ဆုရရှိသည့် အားကစားသမားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)