Voice of Myanmar

သီပေါ ကျင်သီတံတား ပြုပြင်မှာဖြစ်လို့ ငါးတန်အထက် ကုန်ကားတွေ ဖြတ်သန်းခွင့် ယာယီပိတ်မယ်

နိုဝင်ဘာ ၉၊ ၂၀၂၆။

NN(VOM)

၁၀၂၇ တိုက်ပွဲကာလတုန်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက် ပိုင်း၊ သီပေါ-ကျောက်မဲ ကုန်သွယ်ရေးလမ်းမကြီးပေါ်က ကျင်သီ တံတားကို ပြန်လည်ပြုပြင်မှာဖြစ်တဲ့အတွက် ငါးတန်အထက် ကုန်တင်ကား တွေ ဖြတ် သန်းခွင့် ယာယီပိတ်ထားမယ်လို့ ဒေသခံတွေနဲ့ယာဉ်မောင်း​တွေဆီက သိရပါတယ်။

ဒီလ ၁၀ ရက်နေ့ ညနေ ၄ နာရီကနေ ၁၃ ရက်နေ့ မနက် ၈ နာရီအထိ တံတား ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်လို့ အဲဒီရက်တွေမှာ တံတားကို ယာယီ ပိတ်ထားမှာဖြစ်တယ်လို့လည်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီရဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကလည်းကလည်း အသိပေးထားပါတယ်။

“ကားသေးတွေကတော့ သွားလို့ရတယ်။ အဓိက ကားကြီးတွေကို ဖြတ်ခွင့် မပေးဘူး။ ကားသေးတွေလည်း အလုပ်လုပ်နေတဲ့အချိန်ဆိုရင် အလှည့်ကျနဲ့ပဲ ဖြတ်လို့ရမယ်လို့ ပြောတယ်” လို့ သီပေါမြို့ခံတယောက်က ပြောပါတယ်။

ကျင်သီတံတားဟာ မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါတဲ့ တံတားတစင်းဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ကျင်သီတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ခရီးသွားလာရေး လမ်းကြောင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မတ်လမှာ ပျက်စီးနေတဲ့ တံတားနေရာတွေကို မြေသားဖို့ပြီး ယာယီပြုပြင်ခဲ့တဲ့အတွက် ခရီးသွားကားတွေ ပြန်လည်ဖြတ်သန်းခွင့် ရရှိခဲ့ ပါတယ်။

ဒါပေမဲ့ တံတားရဲ့ ခံနိုင်ဝန်အားနည်းနေတဲ့အတွက် လက်ရှိမှာ အကြီးစား ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီဘက်က ကျောက်မီးသွေးနဲ့ ဂေါဒန်တွေ ထွက်တာများတော့ ဒီကားကြီး တွေ ဖြတ်သန်းနိုင်ဖို့က တံတားကြံ့ခိုင်မှ ဖြစ်မှာ။ တံတားပြီးသွားရင်တော့ ခရီးသွားကားတွေလည်း ဘေးကင်းကင်းနဲ့ ဖြတ်နိုင်မယ်ဆိုတော့ ပိုအဆင် ပြေတာပေါ့” လို့ သီပေါ-မန္တလေး ကုန်ကားမောင်းနေတဲ့အမျိုးသားတ ယောက်က ပြောပါတယ်။

၁၀၂၇ တိုက်ပွဲကာလမှာ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ် က ဂုတ်တွင်းတံတား၊ ကျင်သီတံတားနဲ့ စင့်အင်တံတားတွေ မိုင်းခွဲဖျက် ဆီးခံခဲ့ရပါတယ်။

အဲဒီတံတားတွေထဲက ဂုတ်တွင်းတံတားကို အစိုးရက ဘေလီတံတားနဲ့ ပြန် လည် အစားထိုး ပြုပြင်ပေးခဲ့သလို ပျက်စီးနေတဲ့ ကွန်ကရစ်တံတား ကို လည်း ပြန်လည်ပြုပြင်နေပြီဖြစ်တဲ့အတွက် မကြာခင်မှာ ခရီးသွားကားတွေ ပြန်လည် ဖြတ်သန်းနိုင်တော့မှာဖြစ်ပါတယ်။

စင့်အင်တံတားကတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ပျက်စီးနေတဲ့ ကွန်ကရစ်တံတားနေရာမှာ ဘေလီတံတားနဲ့ ယာယီ အစားထိုးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မူရင်းသတင်း — Voice of Myanmar