အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ မေဂျာလိဂ်သမိုင်းမှာ ရွှေဖိနပ်ဆုကို နှစ်ကြိမ်ဆက်တိုက် ရယူဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ပေးအပ်ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကို ရှစ်ကြိမ်အထိ ဆွတ်ခူးထားတဲ့ တိုက်စစ်မှူးမက်ဆီဟာ လက်ရှိကလပ် အင်တာမိုင်ယာမီအသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၃၁ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂၆ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့ပြင် အသက် (၃၉) နှစ်အရွယ်ရှိ တိုက်စစ်မှူးမက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ဂိုးဖန်တီးမှု ၁၇ ကြိမ်လည်း ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းက အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူခဲ့တဲ့ တိုက်စစ်မှူးမက်ဆီဟာ ၂၀၂၄ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်တဲ့ မေဂျာလိဂ်ရွှေဖိနပ်ဆုကိုလည်း ရရှိထားသူဖြစ်ပါတယ်။
ငွေကြယ်-ရေးသားသည်