Myanmar Digital News

နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ပြီး အာဆင်နယ်နဲ့ ခြောက်မှတ်ကွာသွားပြီဖြစ်တဲ့ မန်စီးတီးအသင်း

မန်စီးတီးအသင်းဟာ နိုဝင်ဘာ ၇ ရက် ညပိုင်းက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ရှုံးပွဲကြုံခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ရမှတ်ခြောက်မှတ်အထိ ကွာသွားပြီဖြစ်ပါတယ်။

 

နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ အိမ်ရှင် နော်တင်ဟမ်ဖောရက်စ် အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ အိမ်ရှင်အသင်းအတွက် သွင်းဂိုးတွေကို ကွန်ဟာက တစ်ဂိုး၊ ဒီလက်က နှစ်ဂိုးသွင်းယူပေးခဲ့ကာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ ချာကီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

မန်စီးတီးအသင်းအနေနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ ပရီမီယာလိဂ်ပြိုင်ပွဲမှာ သုံးပွဲဆက်ရှုံးပွဲ ကြုံတွေ့ခဲ့ရခြင်းလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ် အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ် ပွဲစဉ်(၁၀) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၂၁ မှတ်သာ စုဆောင်းနိုင်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်က အာဆင်နယ်အသင်းကတော့ ပရီမီယာလိဂ်ပွဲစဉ် (၁၀) မှာ အိမ်ကွင်းအမ်းမရိတ်၌ ဟားစ်စီးတီးအသင်းကို အနိုင်ရရှိကာ ရမှတ် ၂၇ မှတ်အထိ စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကတော့ ပရီမီယာလိဂ် တန်းဆင်းဇုန်ကနေ လတ်တလော လွတ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

 

ငွေကြယ်-ရေးသားသည်

မူရင်းသတင်း — Myanmar Digital News