ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပွဲစဉ်(၁၂)အဖြစ် နိုဝင်ဘာ ၇ ရက် ညပိုင်းက ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်က ဘာစီလိုနာအသင်းနဲ့ ရမှတ်တူညီခဲ့ပြီ ဖြစ်ပါတယ်။
ဗလင်စီယာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဗယ်ဗာဒီ၊ ဂူလာနဲ့ အမ်ဘတ်ပီတို့ကတစ်ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ ယခုဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ စပိန်လာလီဂါသွင်းဂိုး ၁၃ ဂိုးအထိ ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ဗလင်စီယာအသင်းဟာ ချေပဂိုးပြန်လည်ရရှိရေး ကြိုးပမ်းရင်း ဒုတိယပိုင်းပွဲကစားချိန် ၇၉ မိနစ်မှာ အသင်းခေါင်းဆောင်ဂါယာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရလို့ ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုရဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဗလင်စီယာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါပွဲစဉ်(၁၂) အပြီးမှာ ရမှတ် ၃၀ စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗလင်စီယာအသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ စပိန်လာလီဂါ အမှတ်ပေးဇယားအဆင့် (၁၉) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ငွေကြယ်-ရေးသားသည်