.

ချီရှီး (ကျဲ့ကျန်း)၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ကျဲ့ကျန်းပြည်နယ် ချီရှီးမြို့ ချောင်ထိုမြို့နယ်သည် တရုတ်နိုင်ငံ ဝါဂွမ်းအိမ်တွင်းစီးဖိနပ်ထုတ်ကုန်များ အဓိကထုတ်လုပ်ရာဒေသများအနက် တစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ကြာရှည်သောအချိန်ကာလတစ်ခုအတွင်း ချောင်ထိုမြို့နယ် ဝါဂွမ်းအိမ်တွင်းစီးဖိနပ်လုပ်ငန်းသည် “ပို့ဆောင်ခအပါအဝင် ၉.၉ ယွမ်” ဟူသည့် သက်သာသောဈေးနှုန်းဖြင့် ပိတ်မိနေခဲ့ပြီး ဒီဇိုင်းပုံတူကူးချခြင်း၊ ဈေးနှုန်းလျှော့၍ ရောင်းချခြင်း၊ အလားတူထုတ်ကုန်များ တိုးပွားလာခြင်းတို့ကြောင့် ရောင်းအားပမာဏမှာ နိုင်ငံတစ်ဝန်း နံပါတ်တစ်ဖြစ်ခဲ့သော်လည်း အမြတ်အစွန်းမှာ အလွန်ပင်နည်းလှသည်။
၂၀၂၄ ခုနှစ်မှစ၍ ချောင်ထိုမြို့နယ်သည် ဖိနပ်လုပ်ငန်းရှင်များအား နင်းပေါတက္ကသိုလ် သိပ္ပံနှင့် နည်းပညာ ကောလိပ်၊ တရုတ်သိပ္ပံအကယ်ဒမီ နင်းပေါ ကုန်ကြမ်းပစ္စည်း နည်းပညာနှင့် အင်ဂျင်နီယာ အင်စတီကျု တို့နှင့် ချိတ်ဆက်၍ နည်းပညာပြုပြင်ပြောင်းလဲခြင်း၊ သုတေသနနှင့် တိုးတက်ရေး (R&D)ဆောင်ရွက်ခြင်းတို့ကို အဓိကထားပြုလုပ်ရန် လမ်းညွှန်ခဲ့သည်။ သို့ဖြစ်ရာ လုပ်ငန်းရှင်များသည် အမှတ်တံဆိပ် ဖန်တီးတည်ဆောက်ခြင်း၊ ကုန်ကြမ်းသုတေသနပြု ထုတ်လုပ်ခြင်းနှင့် ထုတ်ကုန်ပစ္စည်းဒီဇိုင်းရေးဆွဲခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
လက်ရှိတွင် ချောင်ထိုမြို့နယ်မှ သတ်မှတ်ပမာဏနှင့်အထက်ရှိသော ဖိနပ်လုပ်ငန်းကုမ္ပဏီ ၁၁ ခုလုံးသည် ဒစ်ဂျစ်တယ်အသွင်ပြောင်း ပြင်ဆင်မှု ၂.၀ စစ်ဆေးလက်ခံရန် အတည်ပြုပြီးဖြစ်သည်။ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး (R&D) တွင် အသုံးစရိတ်နှင့် လုပ်ငန်းဝင်ငွေ၏ အချိုးအဆသည် ယမန်နှစ် ကာလတူက ၁.၃၁ ရာခိုင်နှုန်းမှ ၂.၀၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး လက်ရှိ ၃ နှစ်အတွင်း R&D တွင် ရင်းနှီးမြှုပ်နှံမှုသည် နှစ်စဉ်တိုးမြင့်လာခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ မြို့နယ်တစ်ခုလုံး၏ သတ်မှတ်ပမာဏနှင့်အထက်ရှိသော အိမ်တွင်းစီးဖိနပ်လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းတန်ဖိုးသည် ယမန်နှစ် အလားတူကာလထက် ၁၈.၁၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
从“低价内卷”到“产业提质”:浙江慈溪棉拖产业迎来旺季
新华社照片,慈溪(浙江),2026年11月10日
浙江省慈溪市桥头镇是我国棉拖鞋产品的主要产地之一。过去很长一段时间,桥头镇棉拖鞋产业被“9.9元包邮”的低价内卷困住:抄款、压价、同质化,产量全国第一,利润却极其微薄。
2024年以来,桥头镇引导企业对接宁波大学科学技术学院、中国科学院宁波材料所,把技改和研发作为拖鞋产业提质的主抓手,在品牌塑造、材料研发、产品设计上联合攻关。
目前,桥头镇11家规上鞋企全部通过数字化改造2.0验收;研发费用占营业收入的比重由去年同期的1.31%提升至2.05%,近三年研发投入金额逐年提升。2026年1月至8月,全镇拖鞋行业规上企业产值同比增长18.11%。
图说1:11月10日在位于慈溪市桥头镇的慈溪市贝喜鞋业有限公司展厅内拍摄的棉拖鞋新品。 新华社记者 徐昱 摄
图说2:11月10日,在位于慈溪市桥头镇的宁波佰莱克斯纺织品有限公司设计部门内,设计人员在设计新品棉拖鞋。新华社记者 徐昱 摄






