
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်က တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာန၏ အဆင့်မြင့် Think Tank အဖွဲ့ဖြစ်သော ဆင်ဟွာအင်စတီကျုက နိုဝင်ဘာ ၁၀ ရက်၌ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
“ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတည်ဆောက်မှုဖြင့် တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို မြှင့်တင်ပေးခြင်း” ဟူသော ခေါင်းစဉ်ဖြင့် အစီရင်ခံစာတွင် နိဒါန်း၊ အခန်း ၃ ခန်းနှင့် နိဂုံး ပါဝင်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်၏ အောင်မြင်မှုများ၊ ရေရှည်တည်တံ့သော ကမ္ဘာ့တံခါးဖွင့်လှစ်မှု မြှင့်တင်ရေး အနာဂတ်လမ်းညွှန်မှုကို အဓိကဖော်ပြထားသည်။
တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အား အဆိုပြုခဲ့ချိန်မှစ၍ အယူအဆအဖြစ်မှ လုပ်ဆောင်ချက်အဖြစ်လည်းကောင်း၊ မျှော်မှန်းချက်အဖြစ်မှ လက်တွေ့အဖြစ်လည်းကောင်း၊ “ပုံကြမ်းရေးဆွဲမှု” အဖြစ်မှ “အသေးစိတ်ခြယ်မှုန်းခြင်း” အဖြစ်သို့လည်းကောင်း ပြောင်းလဲဖော်ဆောင်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသလို ယင်းအဆိုပြုချက်က ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် နေရာသစ်များ ဖွင့်လှစ်ပေးသလို ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ ကောင်းကျိုးချမ်းသာအတွက်လည်း အကျိုးဆောင်လျက်ရှိကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261111/48087097eafe40d9ba487babe9644f14/c.html
……………………
(English Version)
Think tank report highlights Belt and Road role in open world economy
BEIJING, Nov. 10 (Xinhua) -- The Belt and Road Initiative is playing a key role in building an open world economy, according to a report released Tuesday by Xinhua Institute, a high-end think tank affiliated with Xinhua News Agency.
Titled "Building an Open World Economy Through Belt and Road Cooperation," the report includes a preface, three chapters and a conclusion, reviewing the initiative's achievements and outlining its future direction in promoting sustained global openness.
Since China proposed the Belt and Road Initiative in 2013, it has moved from concept to action, from vision to reality, and from "sketching the outline" to "filling in the details," the report says, adding that it has opened new avenues for global economic growth and contributed to the well-being of people around the world.
https://english.news.cn/20261111/48087097eafe40d9ba487babe9644f14/c.html
Photo caption: This photo shows copies of the think tank report titled "Building an Open World Economy Through Belt and Road Cooperation." (Xinhua/Jin Liangkuai)