
အန်တယ်လ်ယာ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အထူးကိုယ်စားလှယ်၊ နိုင်ငံတော် ဒုတိယသမ္မတ ဟန်ကျိန့်သည် ဒေသစံတော်ချိန် နိုဝင်ဘာ ၁၀ ရက်တွင် တူကီယဲနိုင်ငံ အန်တယ်လ်ယာမြို့၌ ကျင်းပသည့် “ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” ၃၁ ကြိမ်မြောက် အဖွဲ့ဝင် ညီလာခံ (COP31) အကြီးအကဲများ ထိပ်သီးအစည်းအဝေး တက်ရောက်သည့်ကာလအတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဟန်ကျိန့်သည် သမ္မတ ရှီကျင့်ဖိန်၏ ဂူတာရက်စ်အပေါ် ရင်းနှီးစွာ နှုတ်ခွန်းဆက်သမှုကို တစ်ဆင့်ပြောကြားခဲ့သည်။ ဟန်ကျိန့်က တရုတ်နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုအရေးကိစ္စအား များစွာ အလေးထားကြောင်း၊ ယမန်နှစ်တွင် သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ၂၀၃၅ ခုနှစ် နိုင်ငံတော် ကိုယ်တိုင်အကျိုးထမ်းဆောင်မှုကို ထုတ်ပြန်ကြေညာခဲ့ပြီး “ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ရန် ကြိုးပမ်းမှု” အား အတိအလင်း အဆိုပြုခဲ့ရာ တရုတ်နိုင်ငံက ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်စီမံရာတွင် ခိုင်မာသော သန္နိဋ္ဌာန်နှင့် အကြီးမားဆုံးသော ကြိုးပမ်းမှုကို ဖော်ပြလိုက်ကြောင်း ဆိုခဲ့သည်။
ယခုနှစ်တွင် တရုတ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်တွင် ရုပ်ကြွင်းလောင်စာ မဟုတ်သောစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်မှု ပမာဏသည် ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိရန်၊ လျှပ်စစ်စွမ်းအင်နှင့် နောက်ဆုံး တာမင်နယ် စွမ်းအင်သုံးစွဲမှု အချိုးအဆသည် ၃၅ ရာခိုင်နှုန်း ရောက်ရှိရန် စသည့် ရည်မှန်းချက်များကိုလည်း ထပ်မံ အဆိုပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံက ရည်မှန်းချက်ချမှတ်မှုနှင့် လှုပ်ရှားမှုဖြင့် အကောင်အထည်ဖော်မှုကို အာရုံစိုက် ဆောင်ရွက်လျက်ရှိပြီး အပြောနှင့် အလုပ်တစ်ထပ်တည်းကျမှု၊ လုပ်ဆောင်မှုတိုင်း အကျိုးရှိစေမှုကို အလေးထားသဖြင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံခန့်ခွဲမှုအတွက် အဖိုးတန်သော တည်ငြိမ်မှုနှင့် သေချာရေရာမှုများကို အဆက်မပြတ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့်အတူ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အတူဖော်ဆောင်ပြီး “ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” နှင့် ၎င်း၏ “ပဲရစ်သဘောတူညီချက်” အား ခိုင်မာစွာ ကာကွယ်ထိန်းသိမ်း၍ ဘက်စုံအကောင်အထည်ဖော်လျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်စီမံမှုဆိုင်ရာ ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှုကို အင်တိုက်အားတိုက်ဖော်ဆောင်၍ ပြည်သူတစ်ရပ်လုံး အစောပိုင်းကာလ ကြိုတင်သတိပေးချက် အဆိုပြုချက်ကို တက်ကြွစွာ တုံ့ပြန်လုပ်ဆောင်လျက်ရှိကြောင်း ဟန်ကျိန့်က ပြောကြားခဲ့သည်။
လက်ရှိတွင် တစ်ကမ္ဘာလုံးက ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်စီမံရာ၌ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများက မိမိနိုင်ငံကိုယ်တိုင် အကျိုးထမ်းဆောင်မှုကို အကောင်အထည်ဖော်ရာတွင် အရင်းအနှီးလိုအပ်မှု၊ နည်းပညာနောက်ကျမှုနှင့် စွမ်းရည်မလုံလောက်မှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရလျက်ရှိရာ နိုင်ငံတကာအသိုင်းအဝိုင်းက အတူတကွဖြေရှင်းရန် လိုအပ်နေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆွေတော် အထွေထွေအတွင်းရေးမှူးချုပ်၏ ဦးဆောင်မှုအောက်တွင် COP31 က တိုးတက်မှုနှင့် သဘောတူညီမှုအသစ်များ ရရှိရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းက ဆိုခဲ့သည်။
ဂူတာရက်စ်က သမ္မတ ရှီကျင့်ဖိန်အား အလေးအနက် နှုတ်ခွန်းဆက်သမှုကို ဟန်ကျိန့်မှတစ်ဆင့် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၏ အရေးကြီးမဏ္ဍိုင်၊ ကုလသမဂ္ဂ၏ အဓိကထောက်ခံအားပေးသူဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်စီမံသည့် နယ်ပယ်တွင် အပြောနှင့်အလုပ် တစ်ထပ်တည်းကျပြီး လက်တွေ့လှုပ်ရှားမှုသည် ကတိပြုထားမှုထက် အစဉ်အမြဲ ကျော်လွန်နေကြောင်း၊ ကမ္ဘာ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၌ ဦးဆောင်သူအနေဖြင့် တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏ ကျဆင်းလာမှုအတွက် လက်တွေ့ အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဂူတာရက်စ်က ဆိုခဲ့သည်။
လက်ရှိတွင် တစ်ကမ္ဘာလုံးက ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်စီမံရာ၌ ခက်ခဲကျပ်တည်းသည့် အခိုက်အတန့်သို့ ရောက်ရှိလျက်ရှိရာ ကုလသမဂ္ဂ၏ လှုပ်ရှားမှုသည် တရုတ်နိုင်ငံ၏ အကျိုးထမ်းဆောင်မှုနှင့် ထောက်ခံအားပေးမှုအပေါ် များစွာအားထားနေရကြောင်း၊ တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အနီးကပ်လုပ်ဆောင်ပြီး COP31 မှတစ်ဆင့် ကမ္ဘာကြီးထံသို့ အပြုသဘောဆောင်သော အချက်ပြမှုပေးရန် တွန်းအားပေးကာ ဘုံဆုံးဖြတ်ချက်နှင့် ကြိုးပမ်းမှုများ လုပ်ဆောင်၍ ကမ္ဘာကြီး အပူချိန် အဆက်မပြတ်မြင့်တက်မှု အလားအလာကို လက်တွေ့ကျကျ ပြောင်းလဲခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုအား ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
韩正会见联合国秘书长古特雷斯
新华社土耳其安塔利亚11月10日电(记者傅云威)当地时间11月10日,习近平主席特别代表、国家副主席韩正在土耳其安塔利亚出席《联合国气候变化框架公约》第三十一次缔约方大会(COP31)领导人峰会期间会见联合国秘书长古特雷斯。
韩正转达习近平主席对古特雷斯的亲切问候。韩正表示,中国高度重视气候变化问题。去年,习近平主席宣布了中国2035年国家自主贡献,明确提出“力争做得更好”,体现了中国应对气候变化的坚定决心和最大努力。今年中国又提出2030年非化石能源发电量占比达到50%、电能占终端能源消费比重达到35%等目标。中方聚焦目标制定和行动落实,强调言必信、行必果,将持续为全球气候治理提供宝贵的稳定性和确定性。
韩正表示,中国同联合国一道开展应对气候变化国际合作,坚定维护、全面落实《联合国气候变化框架公约》及其《巴黎协定》,大力开展应对气候变化南南合作,积极响应全民早期预警倡议。当前全球应对气候变化面临诸多挑战,特别是发展中国家落实国家自主贡献面临资金短缺、技术落后和能力不足等困难,需国际社会共同解决。中方期待COP31在秘书长先生的领导下取得新的进展和共识。
古特雷斯请韩正转达对习近平主席的诚挚问候。古特雷斯表示,中国是多边主义的重要支柱、联合国的关键支持者。中国在应对气候变化领域说到做到,实际行动总是超出所作承诺。作为世界可再生能源领军者,中国为全球温室气体排放下降作出了实质性贡献。当前全球应对气候变化处于艰难时刻,联合国的行动高度仰仗中国的贡献与支持,期待同中方进一步密切协作,推动COP31向世界传递积极信号,作出共同决定和努力,切实扭转全球气温不断上升的趋势,更好应对气候变化挑战。(完)
图说:当地时间11月10日,习近平主席特别代表、国家副主席韩正在土耳其安塔利亚出席《联合国气候变化框架公约》第三十一次缔约方大会(COP31)领导人峰会期间会见联合国秘书长古特雷斯。 新华社记者 刘卫兵 摄