Xinhua Myanmar

တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး မြှင့်တင်ရာတွင် အရည်အသွေးမြင့် "ရပ်ဝန်းနှင့် ပိုးလမ်းမ" ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဆင်ဟွာ Think Tank အစီရင်ခံစာ အလေးပေးဖော်ပြ

“ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတည်ဆောက်မှုဖြင့် တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို မြှင့်တင်ပေးခြင်း” ဟူသော Think Tank အဖွဲ့ အစီရင်ခံစာမိတ္တူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေးစနစ် မြှင့်တင်ရာတွင် အရည်အသွေးမြင့် "ရပ်ဝန်းနှင့် ပိုးလမ်းမ" ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် အဆင့်မြင့် Think Tank အဖွဲ့က နိုဝင်ဘာ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် မြို့တော်ရှီးအန်း၌ ကျင်းပသော ၂၀၂၆ ခုနှစ် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ Think Tank အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့် ၄ ကြိမ်မြောက် ပိုးလမ်းမ (ရှီးအန်း) နိုင်ငံတကာဆက်သွယ်ဖြန့်ချိရေးဖိုရမ်တွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတည်ဆောက်မှုဖြင့် တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို မြှင့်တင်ပေးခြင်း" ဟူသော အဆိုပါ အစီရင်ခံစာကို ဆင်ဟွာသတင်းဌာနလက်အောက်ရှိ Think Tank အဖွဲ့အစည်းဖြစ်သည့် ဆင်ဟွာအင်စတီကျုက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အခန်းသုံးခန်း ပါဝင်သည့် ယင်းအစီရင်ခံစာ၌ တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေးစနစ် တည်ဆောက်ရာတွင် "ရပ်ဝန်းနှင့် ပိုးလမ်းမ" အဆိုပြုချက် (BRI) ၏ ခိုင်မာသော လက်တွေ့ဆောင်ရွက်ချက်များ၊ စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုတွင် ရင်ဆိုင်နေရသော ပြင်းထန်သည့် စိန်ခေါ်မှုများကို လေ့လာသုံးသပ်ထားပြီး ကမ္ဘာ့စီးပွားရေး၏ ကျယ်ပြန့်သော အလားအလာများကို ဖွင့်လှစ်ခြင်းနှင့် သမိုင်းကြောင်းဆိုင်ရာ လားရာတို့ကို ခြေရာကောက်ခြင်းတို့တွင် BRI ပူးပေါင်းဆောင်ရွက်မှု၏ မျက်မှောက်ခေတ် အရေးပါပုံတို့ကို ရှင်းလင်းဖော်ပြထားခြင်းဖြစ်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261111/4ba0a89efc7540b7bdf8c2dab964bb80/c.html

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ကျင်းပသော ၂၀၂၆ ခုနှစ် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ Think Tank အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့် ၄ ကြိမ်မြောက် ပိုးလမ်းမ (ရှီးအန်း) နိုင်ငံတကာဆက်သွယ်ဖြန့်ချိရေးဖိုရမ်တွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတည်ဆောက်မှုဖြင့် တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို မြှင့်တင်ပေးခြင်း” ဟူသော အစီရင်ခံစာမိတ္တူကို ဖတ်ရှု‌နေသည့် အခမ်းအနားတက်ရောက်သူတစ်ဦးအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Xinhua think tank report highlights high-quality Belt and Road cooperation in promoting open world economy

XI'AN, Nov. 10 (Xinhua) -- A national high-level think tank released a report on high-quality Belt and Road cooperation in promoting open world economy on Tuesday.

The report, titled "Building an Open World Economy Through Belt and Road Cooperation," was released by Xinhua Institute, a think tank affiliated with Xinhua News Agency, at the Belt and Road Forum for International Think Tank Cooperation 2026 & the 4th Silk Road (XI'AN) International Communication Forum in Xi'an, capital of northwest China's Shaanxi Province.

Consisting of three chapters, the report showcases the concrete practices of Belt and Road Initiative (BRI) cooperation in building an open world economy, analyzes the serious challenges facing economic globalization, and explains the contemporary significance of BRI cooperation in following the historical trend and opening broad prospects for the world economy.

https://english.news.cn/20261111/4ba0a89efc7540b7bdf8c2dab964bb80/c.html

Photo caption 1: This photo shows copies of the think tank report titled "Building an Open World Economy Through Belt and Road Cooperation." (Xinhua/Jin Liangkuai)

Photo caption 2: A participant reads a copy of a report titled "Building an Open World Economy Through Belt and Road Cooperation," at the Belt and Road Forum for International Think Tank Cooperation 2026 & the 4th Silk Road (XI'AN) International Communication Forum in Xi'an, northwest China's Shaanxi Province, Nov. 10, 2026. (Xinhua/Li Yibo)

မူရင်းသတင်း — Xinhua Myanmar