
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ပန်ဒါဝက်ဝံကြီး “ဖိန်ဖိန်” နှင့် "ဖူစွမ်း” တို့အား မကြာသေးမီက အမေရိကန်ပြည်သူများတရားဝင်ကြည့်ရှုခွင့် ရခဲ့သည်ကိုတွေ့ရသည့်အတွက် အလွန်ဝမ်းသာမိကြောင်း၊ ၎င်းတို့သည် အမေရိကန် ပြည်သူများအတွက် ပိုမိုများပြားသောပျော်ရွှင်မှုများ ယူဆောင်လာပေးပြီး တရုတ်-အမေရိကန် ပြည်သူများ၏ စိတ်နှလုံးသားချင်း ပိုမိုနီးကပ်စေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။ တရုတ်-အမေရိကန် ပန်ဒါဝက်ဝံ ပူးပေါင်းဆောင်ရွက်မှု အသစ်တစ်ရပ်သည် ပန်ဒါဝက်ဝံနှင့် အခြားသော မျိုးသုဉ်းပျောက်ကွယ်ရန်အန္တရာယ်ရှိသည့် မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် ပါဝင်လုပ်ဆောင်ချက်အသစ်တစ်ရပ်ဖြစ်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းရန်နှင့် တရုတ်-အမေရိကန် ပြည်သူများအကြား ချစ်ကြည်မှု အကျိုးကို တိုးမြှင့်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။
ထိုနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မကြာသေးမီရက်အတွင်း အမေရိကန်နိုင်ငံ အတ္တလန်တာ တိရစ္ဆာန်ဥယျာဉ်တွင် ပန်ဒါဝက်ဝံစခန်း ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး ပန်ဒါဝက်ဝံကြီး “ဖိန်ဖိန်” နှင့် “ဖူစွမ်း” တို့သည် ပြည်သူများနှင့် တရားဝင် တွေ့ဆုံခဲ့ရာ တရုတ်ဘက်အနေဖြင့် ယင်းအပေါ် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
ကောကျားခွန်းက ယခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ၊ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် သွားရောက်စဉ် ပန်ဒါဝက်ဝံကြီး “ဖိန်ဖိန်” နှင့် “ဖူစွမ်း” တို့သည် မကြာမီ အတ္တလန်တာ တိရစ္ဆာန်ဥယျာဉ်တွင် နေထိုင်မည်ဟု ကြေညာခဲ့ပြီး အမေရိကန် နယ်ပယ်အသီးသီးမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြောင်း၊ ဒေသစံတော်ချိန် စက်တင်ဘာလ ၂၇ ရက်တွင် ထိုပန်ဒါဝက်ဝံကြီးနှစ်ကောင်သည် အတ္တလန်တာသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားသည်။ “ဒီရက်ပိုင်းမှာ သူတို့ အမေရိကန် ပြည်သူတွေနဲ့ တရားဝင် တွေ့ဆုံခွင့်ရခဲ့တာကို တွေ့ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ သူတို့က အမေရိကန် ပြည်သူတွေအတွက် ပိုမိုများပြားတဲ့ပျော်ရွှင်မှုတွေ ယူဆောင်လာပေးပြီး တရုတ်-အမေရိကန် ပြည်သူတွေရဲ့ စိတ်နှလုံးကိုလည်း ပိုမိုနီးကပ်စေတယ်” ဟု ၎င်းက ပြောကြားသည်။
“ပန်ဒါဝက်ဝံဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံ့ရတနာ ဖြစ်သလို ချစ်ကြည်ရေး သံတမန်လည်း ဖြစ်တယ်။ ပန်ဒါဝက်ဝံတွေ ကျန်းမာလုံခြုံစွာရှိရေး၊ နိုင်ငံမှ ချောမွေ့စွာ ထွက်သွားပြီး ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေ ဖြစ်စေရေးကို သေချာစေဖို့အတွက် တရုတ်-အမေရိကန် နှစ်ဖက်လုံးက ပန်ဒါဝက်ဝံ နိုင်ငံတကာ ကာကွယ်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်နဲ့ နည်းပညာ စံချိန်စံညွှန်းတွေကို တိတိကျကျ လိုက်နာပြီး ပြင်ဆင်မှုတွေ အပြည့်အဝ ပြုလုပ်ခဲ့တယ်” ဟု ကောကျားခွန်းက ပြောကြားသည်။ တရုတ်-အမေရိကန် ပန်ဒါဝက်ဝံ ပူးပေါင်းဆောင်ရွက်မှု အသစ်တစ်ရပ်သည် ပန်ဒါဝက်ဝံ စသည့် မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းကို မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမှုကို ကာကွယ်ထိန်းသိမ်းရန်နှင့် တရုတ်-အမေရိကန် ပြည်သူများ၏ ချစ်ကြည်ရေး တိုးမြှင့်ရန်အတွက် အကျိုးသစ်များ ထမ်းပိုးပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။ (Xinhua)
…………………
(Chinese Version)
外交部:大熊猫“平平”“福双”拉近中美人民心灵距离
新华社北京11月10日电(记者冯歆然、邵艺博)外交部发言人郭嘉昆10日表示,很高兴看到大熊猫“平平”“福双”近日正式同美国民众见面,为美国人民带去更多欢乐,也拉近了中美人民的心灵距离。相信新一轮中美大熊猫合作将为提高大熊猫等濒危物种保护能力、推进全球生物多样性保护和增进中美人民友谊作出新的贡献。
当日例行记者会上,有记者问:近日,美国亚特兰大动物园举行大熊猫馆开馆仪式,大熊猫“平平”“福双”正式与公众见面。中方对此有何评论?
郭嘉昆说,今年9月24日,习近平主席对美国进行国事访问期间,宣布大熊猫“平平”“福双”即将落户亚特兰大动物园,受到美国各界热烈欢迎。当地时间9月27日,这对大熊猫抵达了亚特兰大。“很高兴看到它们近日正式同美国民众见面,为美国人民带去更多欢乐,也拉近了中美人民的心灵距离。”
“大熊猫是中国的国宝,也是友好使者。为确保大熊猫健康安全、顺利出境并适应新环境,中美双方严格按照大熊猫国际保护合作要求和技术标准,做了充分准备。”郭嘉昆说,相信新一轮中美大熊猫合作将为提高大熊猫等濒危物种保护能力、推进全球生物多样性保护和增进中美人民友谊作出新的贡献。(完)
图说:11月6日,在美国亚特兰大动物园,人们拍摄中国大熊猫“福双”。新华社记者 李睿 摄