Xinhua Myanmar

ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ Think Tank အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့် နိုင်ငံတကာဆက်သွယ်ဖြန့်ချိရေးဖိုရမ် တရုတ်နိုင်ငံ ရှီးအန်းမြို့၌ စတင်ကျင်းပ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ၂၀၂၆ ခုနှစ် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ Think Tank အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့် ၄ ကြိမ်မြောက် ပိုးလမ်းမ (ရှီးအန်း) နိုင်ငံတကာဆက်သွယ်ဖြန့်ချိရေးဖိုရမ် တက်ရောက်နေသူများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ Think Tank အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့် ၄ ကြိမ်မြောက် ပိုးလမ်းမ (ရှီးအန်း) နိုင်ငံတကာဆက်သွယ်ဖြန့်ချိရေးဖိုရမ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် မြို့တော်ရှီးအန်း၌ နိုဝင်ဘာ ၁၀ ရက်က စတင်ကျင်းပခဲ့သည်။

"ခေတ်မီအသွင်ပြောင်းမှုနှင့် ယဉ်ကျေးမှုချင်း အပြန်အလှန်လေ့လာသင်ယူမှုကို မြှင့်တင်အားပေးသော အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါ ဖိုရမ်များသည် ကမ္ဘာလုံးဆိုင်ရာ အသိပညာများကို စုစည်းကာ "ရပ်ဝန်းနှင့် ပိုးလမ်းမ" ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အသစ်များကို ပိုမိုအရည်အသွေးမြင့်မား၍ ပိုမိုအဆင့်အတန်းမြင့်မားစွာ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

အဆိုပါ ဖိုရမ်များသို့ နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်မှ သံတမန်၊ တတ်သိပညာရှင်၊ သတင်းမီဒီယာသမား၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်နှင့် စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် တက်ရောက်ကာ အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261111/2a3073d69171481e835202a240afc85e/c.html

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ ၂၀၂၆ ခုနှစ် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံတကာ Think Tank အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်နှင့် ၄ ကြိမ်မြောက် ပိုးလမ်းမ (ရှီးအန်း) နိုင်ငံတကာဆက်သွယ်ဖြန့်ချိရေးဖိုရမ် မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(English Version)

Belt and Road think tank cooperation, int'l communication forums start in China's Xi'an

XI'AN, Nov. 10 (Xinhua) -- The Belt and Road Forum for International Think Tank Cooperation 2026 and the 4th Silk Road (Xi'an) International Communication Forum opened in Xi'an, capital city of northwest China's Shaanxi Province, on Tuesday.

Themed "High-quality Belt and Road Cooperation Empowering Modernization and Mutual Learning among Civilizations," these forums aim to pool global wisdom and promote new development of Belt and Road cooperation with higher quality and at a higher level.

More than 300 diplomats, think tank experts, journalists, cultural and tourism experts, and business representatives from over 50 countries and regions are attending these forums to engage in exchanges and discussions.

https://english.news.cn/20261111/2a3073d69171481e835202a240afc85e/c.html

Photo caption 1: Participants are pictured during the Belt and Road Forum for International Think Tank Cooperation 2026 and the 4th Silk Road (Xi'an) International Communication Forum in Xi'an, northwest China's Shaanxi Province, Nov. 10, 2026. (Xinhua/Li Yibo)

Photo caption 2: This photo taken on Nov. 10, 2026 shows a scene of the Belt and Road Forum for International Think Tank Cooperation 2026 and the 4th Silk Road (Xi'an) International Communication Forum in Xi'an, northwest China's Shaanxi Province. (Xinhua/Li Yibo)

မူရင်းသတင်း — Xinhua Myanmar