ရောင်ဝါ
၁၁. ၁၁. ၂၀၂၆
NUG ကြီးစိုးရာဒေသတိုင်းမှာ လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲ ငွေညှစ်နေပြီး မပေးရင် “ဒလန်တံဆိပ်ကပ်” သတ်ဖြတ်လုယက်မှုတွေနဲ့ နာမည်ပျက်နေတဲ့ NUG ရဲ့ PDF တွေ လက်နက်အားကိုး ငွေရှာနိုင်ဖို့နဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို အသက်အန္တရာယ်ပြုမယ့် ခြိမ်းခြောက်စကားတစ်ရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမတ်ဟောင်းနဲ့ NUG ဝန်ကြီးဖြစ်တဲ့ တင်ထွန်းနိုင်က SCEF ဒေါ်လာ သန်း ၃၀၀ ရှာဖွေရှာမှာ မြန်မာပြည်တွင်းလုပ်ငန်းရှင်တွေ ပန်းစည်းယူမလား၊ ပန်းခွေယူမလားလို့ ခြိမ်းခြောက်လိုက်ပါတယ်။
“အထူးသဖြင့် ပြည်တွင်းမှာရှိနေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တော်တော်များများ ခရိုနီတွေ၊ ခရိုဝါတွေ၊ ခရိုနက်တွေပေါ့နော်။ ဒီပုဂ္ဂိုလ်တွေကိုလည်း ကျွန်တော်တို့အနေနဲ့ ဒီလိုအချိန်မှာတော့ အလွတ်ပေးလို့တော့ မရဘူးလို့ ပြောရမှာဖြစ်တယ်။ အခု မနှောင်းသေးဘူးပေါ့နော်။ မင်းတို့ ဂုဏ်ပြုပန်းစည်းယူမလား၊ ပန်းခွေယူမလား မေးရတော့မှာပေါ့နော်။ အဲ့ဒါနဲ့လည်း ကျွန်တော်တို့ရှာပါ့မယ်”လို့ NUG စီမံဘဏ္ဍာဝန်ကြီးတာဝန်ယူထားတဲ့ တင်ထွန်းနိုင်က နိုဝင်ဘာ ၈ ရက်နေ့က ကိုရီးယားနိုင်ငံမှာ SCEF ကိုယ်စားလှယ်တွေ လူထုတွေ့ဆုံပွဲ ပြုလုပ်ချိန်မှာ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးအမည်ခံလက်နက်ကိုင်လှုပ်ရှားမှုတွေအတွက် ပြည်သူဆီက အလှူခံငွေတွေကို ကိုယ်ကျိုးသုံး၊ မယားငယ်ယူပြီး ပြည်ပမှာစည်းစိမ်ခံနေတဲ့ တင်ထွန်းနိုင်တို့ NUG အုပ်စုဟာ NUG ရဲ့ အလှူခံငွေတွေကို စာရင်းမရှင်းနိုင်ဘဲ သူခိုးလို့ အပြောခံနေရချိန်မှာ Steering Council for the Emergence of a Federal Democratic Union (SCEF) (ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ) လို့ အမည်သစ်ပေးပြီး ဒီအဖွဲ့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ အလှူခံဖို့ ကြိုးပမ်းနေတာပါ။
တင်ထွန်းနိုင်ပြောဆိုမှုအရ CRPH နဲ့ NUG က ရှေ့ထွက်ပြီး ကချင်လက်နက်ကိုင် KIO၊ ကရင်လက်နက်ကိုင် KNU၊ ချင်းလက်နက်ကိုင် CNF၊ ကယားလက်နက်ကိုင်တွေ ပါဝင်တဲ့ SCEF ဟာ ပြည်တွင်းလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ငွေညှစ် ပြန်ပေးဆွဲမှုတွေ ဆက်လက် ကျူးလွန်လာကြမှာဖြစ်ပြီး SCEF ကို ငွေလှူရင် ဂုဏ်ပြုပန်းစည်း၊ SCEF ကို ငွေမလှူရင် နာရေးပန်းခွေလို့ ဒေါ်အောင်ဆန်းစုကြည်မျက်နှာမထောက် ပြည်သူအပေါ် အတိအလင်းခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။