Xinhua Myanmar

“အစိုးရအရာရှိ အချို့” ၏ တရုတ်နှင့်ပတ်သက်၍ မလျော်ကန်သော ပြောဆိုချက်များကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန ရှုတ်ချ

မနီလာ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

“အစိုးရအရာရှိ အချို့” က တရုတ်နှင့်ပတ်သက်၍ မလျော်ကန်သော မှတ်ချက်များ ပြောဆိုခဲ့သည်ကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရှုတ်ချကြောင်း နိုဝင်ဘာ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုပြောဆိုချက်များသည် နိုင်ငံတကာရေးရာများတွင် ဖိလစ်ပိုင်နိုင်ငံ၏ ယုံကြည်လေးစားခံရမှုကို ထိခိုက်ပျက်စီးစေသည်ဟု ဆိုကာ ဖိလစ်ပိုင်အစိုးရအရာရှိအားလုံးအနေဖြင့် ဖိလစ်ပိုင်သမ္မတ ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒကို မဖြစ်မနေ လိုက်နာရမည်ဟု တောင်းဆိုခဲ့သည်။

ကြေညာချက်တွင် “အရာရှိတစ်ဦးချင်း၊ အဖွဲ့အစည်း သို့မဟုတ် ဌာန တို့သည် ကျွန်ုပ်တို့၏ နိုင်ငံတကာဆက်ဆံရေး ဦးတည်ချက်ကို သီးခြားလွတ်လပ်စွာ ဆုံးဖြတ်နိုင်ခြင်း မရှိပေ။ အစိုးရဝန်ထမ်းများသည် မည်သည့်ကိုယ်ပိုင်ယုံကြည်ချက်ကို လက်ကိုင်ထားသည်ဖြစ်စေ… ၎င်းတို့အနေဖြင့် မူဝါဒတစ်ခုလုံးအပေါ် သက်ရောက်နိုင်သည့် အကျိုးဆက်များကို မထီမဲ့မြင်ပြုလျက် တရုတ်နိုင်ငံ သို့မဟုတ် အခြားသော မည်သည့်နိုင်ငံတကာမိတ်ဖက်များကိုမဆို ၎င်းတို့ နှစ်သက်သည့် မူဝါဒလမ်းစဉ်များကို ကျင့်သုံးခွင့်မရှိပေ။ တစ်ဦးတစ်ယောက်၏ သဘောထားများမှာ အမျိုးသားအကျိုးစီးပွားမှတစ်ပါး အခြားမည်သည့် အကျိုးစီးပွားကိုမျှ ဝန်ဆောင်မှုပေးခြင်း လုံးဝ မရှိစေရ” ဟူ၍ ဖော်ပြထားသည်။

“နိုင်ငံ၏ ပြည်ပဆက်ဆံရေးကို ဦးဆောင်သည့် အခွင့်အာဏာသည် အရပ်သား အာဏာပိုင်အဖွဲ့အစည်းများထံတွင် ရှိသည်။ အစိုးရအရာရှိအားလုံးသည် အရပ်သား၊ စစ်ဘက် သို့မဟုတ် ရဲဘက်ဖြစ်စေ သမ္မတ၏ မူဝါဒ ဦးတည်ချက်နှင့် တစ်သမတ်တည်း ဖြစ်ရမည်” ဟူ၍ ကြေညာချက်တွင် အလေးအနက် ဖော်ပြထားသည်။ 

“အစိုးရအရာရှိ အချို့” ၏ မကြာသေးမီက လူသိရှင်ကြား ပြောဆိုချက်များသည် “စိတ်မကောင်းဖွယ်ရာ” ဖြစ်ပြီး “အစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို ထိခိုက်ပျက်စီးစေသော လူသိရှင်ကြား ကြေညာချက်များသည် ဖိလစ်ပိုင် သံတမန်များ၏ အလုပ်ကို အခက်အခဲများတိုးပွားစေရုံသာမက နိုင်ငံတကာရေးရာများတွင် နိုင်ငံ၏ယုံကြည်လေးစားခံရမှုကိုလည်း ထိခိုက်ပျက်စီးစေနိုင်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင် World News စသည့် မီဒီယာများ၏ သတင်းဖော်ပြချက်များအရ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်သည် ပြင်းထန်သော အသုံးအနှုန်းများ သုံးထားပြီး တိုက်ရိုက်အမည်ဖော်ပြထားခြင်း မရှိသော်လည်း အမှန်တကယ်တွင် ကာကွယ်ရေးဝန်ကြီး Gilberto Teodoro ကို ရည်ရွယ်၍ ဝေဖန်ခြင်း ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Teodoro ဦးဆောင်သော လုံခြုံရေးနှင့် စစ်ဘက်၊ ရဲဘက် ဌာနများအကြား သဘောထားကွဲလွဲမှုများသည် ဤကြေညာချက်တွင် ပေါ်လွင်ထင်ရှားလာသည်ဟု ဆိုသည်။ (Xinhua)

...........................

(Chinese Version)

菲外交部批评“某些政府官员”发表涉华不当言论

新华社马尼拉11月10日电(记者李萌 赵晨捷)菲律宾外交部8日发表声明,批评“某些政府官员”发表涉华不当言论,称这些言论破坏了菲律宾在国际事务中的信誉,要求菲政府所有官员必须遵循菲总统制定的外交政策。   

声明说:“个别官员、机构或部门不能独立决定我们国际关系的方向。公职人员无论持何种个人信念……他们不能不顾对政府整体政策造成的后果,追求自己偏好的对华或对任何其他国际伙伴的方针。个人主张绝不能服务于国家利益以外的任何利益。”   

声明强调:“国家对外关系的主导权归属文职当局。所有政府官员,无论文职还是军警,都应和总统的政策方向保持一致。”   

声明还称,“某些政府官员”近期的公开言论“令人遗憾”,“损害政府外交方针的公开声明,不仅给菲外交人员的工作增加困难,还可能破坏国家在国际事务中的信誉”。   

菲律宾《世界日报》等媒体报道说,菲外交部的声明措辞严厉,虽然没有直接点名,但实际上是在敲打国防部长特奥多罗,菲外交部与特奥多罗领导的安全和军警部门的矛盾分歧在这份声明中凸显。(完)

မူရင်းသတင်း — Xinhua Myanmar