တိုကျို နိုဝင်ဘာ ၁၀
ဂျပန်မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ ဟွန်ဒါသည် အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်၌ အမေရိကန်ဒေါ်လာ သုံးဘီလီယံရင်းနှီးမြှုပ်နှံကာ မော်တော်ကားစက်ရုံသစ်တစ်ရုံ တည်ဆောက်သွားမည့် အစီအစဉ်ကို နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
ဟွန်ဒါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ အဆိုပါစက်ရုံသည် ဝယ်လိုအားနှင့် ဈေးကွက်အခြေအနေများ အပေါ် မူတည်၍ ဟိုက်ဘရစ်၊ ဓာတ်ဆီသုံးနှင့် ဘက်ထရီလျှပ်စစ်မော်တော်ယာဉ်များကို ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း၊ နှစ်စဉ်မော်တော်ယာဉ် အစီးရေ ၂၄၀၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ၂၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ရုံတွင် မော်တော်ယာဉ်ထုတ်လုပ်မှုကို ၂၀၂၉ ခုနှစ် တွင် စတင်ရန် ရည်မှန်းထားသည်။ ယင်းစက်ရုံသည် အမေရိကန်ပြည်ထောင်စုတွင် ဟွန်ဒါကုမ္ပဏီ၏ ဆဋ္ဌမမြောက်စက်ရုံဖြစ်လာမည် ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာပြီး ဓာတ်ဆီဈေးနှုန်းများမှာလည်း ပိုမိုမြင့်တက်လာကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုတွင် ဟိုက်ဘရစ် မော်တော်ယာဉ်ဝယ်လိုအား မြင့်တက်လျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ