အစ္စတန်ဘူလ် နိုဝင်ဘာ ၁၀
တူကီယဲနိုင်ငံအနောက်ပိုင်း အက်မီရာပြည်နယ်ရှိ သံနှင့်သံမဏိစက်ရုံတွင် နိုဝင်ဘာ ၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် အက်လိုင်ဂါခရိုင်ရှိ ဟာဗတ် သံနှင့်သံမဏိစက်ရုံတွင် နိုဝင်ဘာ ၉ ရက် မွန်းတည့် ၁၂ နာရီက ဖြစ်ပွားခြင်းဖြစ်ကြောင်း အက်မီပြည်နယ် အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
စက်ရုံအတွင်း အရည်ကျိုထားသည့် သံမဏိများကို ပုံလောင်းနေစဉ် အပေါ်မျက်နှာကြက်တွင် တပ်ဆင်ထားသော ကရိန်းပြတ်ကျပြီး လျှပ်စစ်သံရည်ကျိုမီးဖိုထဲသို့ ပြုတ်ကျရာမှတစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပဏာမတွေ့ရှိချက်များအရ တူကီယဲနိုင်ငံသားသုံးဦးသေဆုံးကြောင်းနှင့် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာရရှိသူများအနက် သုံးဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း အက်မီရာပြည်နယ် အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ