ဆိုဖီယာ နိုဝင်ဘာ ၁၀
ဘူဂေးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ထရာကီယာအဝေးပြေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက ယာဉ်အများအပြား ဆင့်ကဲတိုက်မိသည့် ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ရာ ၁၁ ဦး ထက်မနည်း သေဆုံးပြီး ၄၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈ ဦးရှိကြောင်း ဘူလ်ဂေးရီးယားဝန်ကြီးချုပ် ရူမင်ရာဒက် က ပြောကြားသည်။
အခင်းဖြစ်ပွားရာနေရာတွင် ၁၀ ဦး သေဆုံးပြီး အခြားတစ်ဦးမှာ ဆေးရုံတွင်သေဆုံးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကာလိုယန်ကာလိုယာ နော့ဗ်က ပြောကြားသည်။
အဆိုပါ မတော်တဆမှုများအနက် ပထမဖြစ်စဉ်သည် ဘာဂက်မြို့ဘက်သို့ဦးတည်သည့် လမ်းကြောင်းတွင် ဖြစ်ပွားခဲ့ပြီး ဒုတိယဖြစ်စဉ်မှာ ဆိုဖီယာမြို့ဘက်သို့ ဦးတည်သည့်လမ်းကြောင်းတွင် ဖြစ်ပွားခဲ့ကြောင်းနှင့် ၎င်းဖြစ်စဉ်တွင် ယာဉ် ၂၃ စီး ဆင့်ကဲတိုက်မိကြောင်း ကာလိုယန်ကာ လိုယာနော့ဗ်က ပြောကြားသည်။
ပထမဖြစ်စဉ်တွင် ထရပ်ကားတစ်စီးက ခရီးသည်တင်ဘတ်စ်ကားတစ်စီးကို ဖြတ်တိုက်ခဲ့ပြီးနောက် ဂျုံတင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီးက ၎င်းဘတ်စ်ကားကို ဝင်တိုက်မိပြီး ခရီးသည်တင်ယာဉ်တစ်စီးက ထရပ်ကား၏အနောက်ဘက်ကို ဝင်တိုက်မိခဲ့ရာမှ ယာဉ် စုစုပေါင်း ၆၃ စီး ဆင့်ကဲတိုက်မိခဲ့ကြောင်း ဘူလ်ဂေးရီးယား ပြည်ထဲရေးဝန်ကြီးဌာန ခေတ္တအတွင်းဝန်ချုပ် လျူဘိုမီယာ နီကိုလော့ဗ်က ပြောကြားသည်။
သေဆုံးသူများမှာ ဘာဂက်မြို့သို့ဦးတည်သည့် လမ်းကြောင်းဘက်ခြမ်းတွင် သွားလာနေသူများ ဖြစ်သည်။
ရုတ်တရက် မြူနှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် မြင်နိုင်စွမ်းနည်းကာ အဆိုပါ မတော်တဆမှုဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်အား ဆိုဖီယာမြို့ဘက်သို့ ဦးတည်သည့်လမ်းကြောင်းမှ ယာဉ်မောင်းများက ကြည့်ရှုခဲ့ရာမှ စိတ်အာရုံပျံ့လွင့်ပြီး ဒုတိယဖြစ်စဉ် ဖြစ်ပွားခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ