ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဗာစကိုဒဂါးမားအသင်းသည် နောက်ခံလူ ကူယာဘာနိုကို အပြီးသတ်စာချုပ်ဖြင့်ခေါ်ယူရန် အငှားစာချုပ်ပါ ခေါ်ယူခွင့် အခွင့်အရေးကို အသုံးပြုသွားဖွယ်ရှိကြောင်း ဘရာဇီးမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ကူယာဘာနိုသည် ဖေဖော်ဝါရီက နော့တင်ဟမ်ဖောရက်အသင်းမှ ၁၀ လကြာ အငှားစာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီးကတည်းက ဗာစကိုအသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် အခိုင်အမာ နေရာရယူနိုင်ခဲ့သည်။
ရီယိုဒီဂျနေးရိုးအခြေစိုက်ကလပ်အသင်းသည် ဘယ်နောက်ခံကစားသမားကို ကာလရှည်စာချုပ်ဖြင့်ခေါ်ယူနိုင်ရန် ယူရို ၇ သန်းဖြင့် ကမ်းလှမ်းထားကြောင်း Globo Esporte သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် ၂၃ နှစ်အရွယ် အဆိုပါကစားသမားကို ဥရောပကလပ်အသင်းများကလည်း စိတ်ဝင်စားနေကြသော်လည်း ၎င်း၏ဦးစားပေးရွေးချယ်မှုမှာ ဘရာဇီးနိုင်ငံတွင် ဆက်လက်ကစားရန်ဖြစ်ကြောင်း သတင်းဌာနက ဖြည့်စွက်ဖော်ပြခဲ့သည်။
ကူယာဘာနိုသည် ယခုရာသီတွင် ဗာစကိုအသင်းအတွက် ပြိုင်ပွဲစုံတွင် ပွဲပေါင်း ၃၆ ပွဲ ပါဝင်ကစားထားပြီး တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ (Xinhua)
…………….
(English Version)
Vasco eyes permanent deal for defender Cuiabano
RIO DE JANEIRO, Nov. 10 (Xinhua) -- Vasco da Gama is set to exercise an option to sign defender Cuiabano on a permanent deal, according to Brazilian media reports.
Cuiabano has established himself as a key figure in Vasco's squad since arriving on a 10-month loan from Nottingham Forest in February.
The Rio de Janeiro club has submitted a seven-million-euro bid to secure the left-back on a long-term contract, news outlet Globo Esporte reported.
It added the 23-year-old has also attracted interest from European clubs, though his priority is to remain in Brazil.