
ဘိုဂိုတာ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ကိုလံဘီယာအသင်းနှင့် ချီလီအသင်းတို့အနေဖြင့် နှစ်ပွဲဆက်ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာ ခြေစမ်းပွဲများအတွက် ပြင်ဆင်နေစဉ် ကိုလံဘီယာကွင်းလယ်လူ ဂူစတာဗို ပွယ်တာက ချီလီနှင့်ပွဲစဉ်သည် နှစ်ကုန်ပိုင်းတွင် အသင်းအတွက် ခက်ခဲသောစိန်ခေါ်မှု ဖြစ်လာမည်ဟု နိုဝင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။
တောင်အမေရိကတိုက်၏ ပြိုင်ဘက်နှစ်သင်းမှာ နိုဝင်ဘာ ၁၃ ရက်တွင် ကာလီမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်တွင်လည်း ဆန်တီယာဂိုမြို့၌ ထပ်မံရင်ဆိုင်ကစားမည်ဖြစ်သည်။
"ချီလီအသင်းက အမြဲတမ်းတောင့်တင်းတဲ့ ပြိုင်ဘက်အသင်းတစ်သင်း ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ဟာ အကူးအပြောင်းကာလတစ်ခုကို ဖြတ်သန်းနေရတယ်ဆိုပေမဲ့ လွယ်ကူတဲ့ ပွဲစဉ်တွေတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးလုပ်နိုင်ဖို့ အပြည့်အဝ အာရုံစိုက်ထားပါတယ်" ဟု ပွယ်တာက သတင်းထောက်များကို ပြောကြားခဲ့သည်။
ပွယ်တာမှာ ကိုလံဘီယာအသင်း ကွင်းလယ်တွင် အဓိက ထောက်တိုင်ကစားသမားတစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့ပြီး ကိုလံဘီယာအသင်းအနေဖြင့် ဆွစ်ဇာလန်အသင်းကို ရှုံးနိမ့်ကာ ၁၆ သင်းအဆင့်မှ ထွက်ခွာခဲ့ရသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအတွက် ခြေစွမ်းအပြနိုင်ဆုံး ကစားသမားများထဲမှ တစ်ဦးလည်းဖြစ်သည်။
အသက် ၂၃ နှစ်အရွယ်သာ ရှိသေးသည့် အိုလံပီယာကော့စ် ကစားသမား ပွယ်တာမှာ ကိုလံဘီယာအသင်း၏ လူငယ်ကစားသမားများကို လက်တွဲခေါ်နေသူလည်းဖြစ်သည်။
"ကျွန်တော့်အနေနဲ့ လူငယ်တွေကို ဦးဆောင်လမ်းပြပေးရတာနဲ့ ကွင်းတွင်း၊ ကွင်းပြင် နှစ်ခုစလုံးမှာ စံပြဖြစ်လာဖို့ ကြိုးစားရတာကို ပျော်ပါတယ်။ လက်ရွေးစင်အသင်းမှာ အတွေ့အကြုံ နည်းနည်းပိုရှိထားတာမို့ ဒါက သဘာဝကျတဲ့ အဆင့်တစ်ဆင့်ပါပဲ" ဟု ၂၀၂၅ ခုနှစ်တွင် လက်ရွေးစင်အသင်းနှင့်အတူ စတင်ပွဲထွက်ခွင့်ရခဲ့သည့် ပွယ်တာက ပြောကြားခဲ့သည်။
"ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဘာကိုမှလျှော့မတွက်ထားပါဘူး။ ကိုလံဘီယာအသင်းအတွက် ကစားခွင့်ရတဲ့အခါ ကိုယ့်နေရာကို ကိုယ်တိုင်ကြိုးစားပြီးမှ ရယူနိုင်မယ်ဆိုတာကိုလည်း နားလည်ထားပါတယ်။ ဒီအသင်းမှာရှိတဲ့ ကစားသမားတိုင်းကလည်း ဒီလိုပဲ ခံယူထားကြတာပါ" ဟု ၎င်းက ဆိုသည်။ (Xinhua)


…………………………
(English Version)
Colombia's Puerta wary of Chile ahead of football friendlies
BOGOTA, Nov. 10 (Xinhua) -- Colombia midfielder Gustavo Puerta said Tuesday that Chile would provide a stern test to end the year, as the teams prepare for a double header of international football friendlies.
The South American rivals will meet in Cali on Friday before facing each other again in Santiago next Tuesday.
"We know Chile has always been a strong opponent," Puerta told reporters. "They are going through a transition period, but they won't be easy games and we are focused on doing our job in the best way possible."
Puerta has emerged as a mainstay in Colombia's midfield and was one of the team's most consistent performers at this year's FIFA World Cup, where Colombia was eliminated by Switzerland in the round of 16.
While still only 23, the Olympiacos player has already taken on a mentoring role with Colombia's younger players.
"I'm enjoying being a leader of the younger guys and setting an example both on and off the pitch," said Puerta, who made his international debut in 2025. "It's a natural step given that I have a bit more national team experience."
"But I'm taking nothing for granted and I understand that when you play for Colombia you have to earn your spot. That's how every player in this squad feels."
Photo caption 1: Inaki Williams (C) of Ghana shoots against Gustavo Puerta of Colombia during the round of 32 match between Colombia and Ghana at the 2026 FIFA World Cup in Kansas City, the United States, July 3, 2026. (Xinhua/Jia Haocheng)
Photo caption 2: Breel Embolo (R) of Switzerland vies with Gustavo Puerta of Colombia during the round of 16 match between Switzerland and Colombia at the 2026 FIFA World Cup at BC Place Vancouver in Vancouver, Canada, on July 7, 2026. (Photo by Zou Zheng/Xinhua)