
ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့၏ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပထမနေ့ ပြီးဆုံး၊ နိုဝင်ဘာ ၁၁ ရက်တွင် ဆက်လက်ဆွေးနွေးမည်
ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မြို့တော် အဘူဒါဘီတွင် နိုဝင်ဘာ ၁၀ ရက်က လေးနာရီနီးပါးကြာ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပထမနေ့ကို အဆုံးသတ်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
ယခုဆွေးနွေးပွဲသည် ဖေဖော်ဝါရီလမှစ၍ ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့အကြား ပထမဆုံးအကြိမ် သုံးနိုင်ငံ တိုက်ရိုက် တွေ့ဆုံဆွေးနွေးခြင်းလည်း ဖြစ်သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Hegseth ကို စွဲချက်တင်ရန် ကြိုးပမ်းမှု အိမ်ဖြူတော် ကန့်ကွက်
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ကို စွဲချက်တင်ရန် ကြိုးပမ်းနေမှုအပေါ် အိမ်ဖြူတော်က နိုဝင်ဘာ ၁၀ ရက်တွင် တရားဝင် ကန့်ကွက်ခဲ့ပြီး အဆိုပါ စွဲချက်တင်ရေး အဆိုကို ကော်မတီထံ လွှဲပြောင်းခြင်းဖြင့် နှောင့်နှေးစေရန် ကွန်ဂရက်လွှတ်တော်အား တိုက်တွန်းခဲ့သည်။
“ထိုစွဲချက်တင်ရေးကြိုးပမ်းမှုသည် နိုင်ငံရေးအရလက်စားချေရန်အတွက် နိုင်ငံရေးလက်နက်သဖွယ် အသုံးချရန်ရည်ရွယ်ခြင်းဖြစ်ကာ အမေရိကန်ပြည်သူများ၏ သဘောဆန္ဒကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်က ချမှတ်သော အမျိုးသားလုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံး၍ပယ်ချမည့် မရိုးသားသောဥပဒေပြုအမတ်တစ်ဦးအား ခွင့်ပြုလိုက်သည့်အခြေအနေဖြစ်ပေါ်စေနိုင်ကြောင်း” အိမ်ဖြူတော်၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရန်အပေါ် ကြီးမားသော စစ်ရေးအရ အရေးယူဆောင်ရွက်ရန် မလိုအပ်ဟု ရူဘီယို ပြောကြား
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အီရန်အပေါ် ကြီးမားသော စစ်ဆင်ရေးများ ဆောင်ရွက်ရန် မလိုအပ်ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
G7 မဟာမိတ်နိုင်ငံများအား အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများနှင့် ရေတပ်ပိတ်ဆို့မှုများသည် အလွန်ထိရောက်စွာ လုပ်ဆောင်နေကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အီရန်အပေါ် ကြီးမားသော စစ်ဆင်ရေးများ စတင်ရန် မလိုအပ်ကြောင်း ရူဘီယိုက ပဲရစ်မြို့၌ ပြုလုပ်ခဲ့သော G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရုရှားဒီဇယ်တန်ချိန် ၄၀,၀၀၀ တင်ဆောင်လာသော ရေနံတင်သင်္ဘော အမေရိကန်သို့ သွားရာလမ်းတွင် ရပ်တန့်နေဟု Kpler ပြောကြား
ရုရှားနိုင်ငံထုတ် ဒီဇယ်ဆီ မက်ထရစ်တန်ချိန် ၄၀,၀၀၀ ခန့် တင်ဆောင်လာသော ရေနံတင်သင်္ဘောတစ်စင်းမှာ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းသို့ မရောက်ရှိမီ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ရပ်တန့်နေပြီး ၎င်း၏ နောက်ထပ်ဦးတည်ရာကိုမူ မသိရှိရသေးကြောင်း နိုင်ငံတကာ စွမ်းအင်ဈေးကွက် သတင်းအချက်အလက်ဖော်ပြပေးသည့် Kpler က နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
AGIOI FANENDES အမည်ရှိ အဆိုပါသင်္ဘောသည် အောက်တိုဘာ ၂၃ ရက်တွင် ရုရှားနိုင်ငံ Primorsk ဆိပ်ကမ်းမှ ဆာလဖာပါဝင်မှုအလွန်နည်းသော ဒီဇယ်ဆီ (Ultra-Low Sulfur Diesel) ကို တင်ဆောင်ခဲ့ခြင်းဖြစ်ပြီး အစပိုင်းတွင် ၎င်း၏ ဦးတည်ရာကို နယူးယောက်မြို့ဟု ဖော်ပြထားကာ နိုဝင်ဘာ ၇ ရက်တွင် ရောက်ရှိရန် မျှော်မှန်းထားခဲ့ကြောင်း Kpler က ဆိုသည်။ သို့ရာတွင် သင်္ဘော၏ အလိုအလျောက်သင်္ဘောတည်နေရာနှင့် အချက်အလက်ထုတ်လွှင့်သည့် စနစ် (AIS) တွင် ဦးတည်ရာကို “FOR ORDERS” ဟု ပြောင်းလဲဖော်ပြခဲ့သည်။

ဘူလ်ဂေးရီးယားတွင် ယာဉ်တိုက်မှုအစုလိုက်အပြုံလိုက် ဖြစ်ပွားမှု နှစ်ကြိမ်ကြောင့် လူ ၁၁ ဦးသေဆုံး၊ အခြားသူ ၅၀ ဦး ဒဏ်ရာရ
ဘူလ်ဂေးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Yambol မြို့ အနီး Trakia အမြန်လမ်းမပေါ်တွင် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက ယာဉ်ချင်းဆင့်တိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူ ၁၀ ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာမူ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၅၀ ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ပြီး ၎င်းတို့အနက် ၁၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဘူလ်ဂေးရီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယီမင်ရှိ ဟူသီအဖွဲ့က ဆော်ဒီ လေဆိပ်၊ ရေနံစက်ရုံများနှင့် ဘဏ္ဍာရေးစင်တာတို့ကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ဟု ပြောကြား
ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံရှိ လေဆိပ်တစ်ခု၊ ရေနံအခြေခံအဆောက်အအုံများနှင့် ဘဏ္ဍာရေးစင်တာတစ်ခုအပြင် ယီမင်နိုင်ငံအတွင်းရှိ ဆော်ဒီနှင့် ဆက်နွှယ်သော တပ်ဖွဲ့များ၏ နေရာများကို ပစ်မှတ်ထားကာ ပဲ့ထိန်းဒုံးကျည်များနှင့် ဒရုန်းများ အသုံးပြု၍ စစ်ဆင်ရေးလေးကြိမ် ပြုလုပ်ခဲ့ရာ မီးလောင်မှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပထမဆုံး စစ်ဆင်ရေးအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်ရှိ ဘုရင်ခါလစ်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နိုင်ငံ၏ အရှေ့မှ အနောက်သို့ ဆက်သွယ်ထားသော ရေနံပိုက်လိုင်းတစ်လျှောက်ရှိ ရေနံစုပ်တင်စက်ရုံအများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ထိုပစ်မှတ်များကို တိုက်ရိုက်ထိမှန်ခဲ့ပြီး မီးလောင်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်းလည်း ဟူသီစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ဟူသီအဖွဲ့ပိုင် Al-Masirah ရုပ်သံမှ ထုတ်လွှင့်ခဲ့သော ကြေညာချက်တွင် ပြောကြားခဲ့သည်။ (Xinhua)
………..
(English Version)
Daily World Briefing, Nov. 11
Russia, Ukraine, U.S. conclude 1st day of trilateral talks, to continue Wednesday
Russia, Ukraine and the United States concluded the first day of trilateral talks in Abu Dhabi, the capital of the United Arab Emirates, on Tuesday after nearly four hours of discussions. The talks are set to continue on Wednesday.
The talks are the first trilateral meeting among the three countries since February.
White House opposes effort to impeach Hegseth
The White House on Tuesday formally opposed an effort to impeach U.S. Secretary of Defense Pete Hegseth, urging Congress to stall the impeachment resolution through committee referral.
"This weaponized impeachment, aimed at settling political scores, undermines the will of the American people by allowing a rogue legislator to veto national security decisions made by the Commander-in-Chief," the White House wrote in an official statement.
Rubio says no need for major military action against Iran
U.S. Secretary of State Marco Rubio said here Tuesday that there was "no need" for major military operations against Iran.
At a press conference following the G7 foreign ministers' meeting in Paris, Rubio said he had told G7 allies that the effectiveness of U.S. economic sanctions and a naval blockade were working "so well" that U.S. President Donald Trump had no need to launch major combat operations against Iran.
Tanker carrying 40,000 tons of Russian diesel stalls en route to U.S., says Kpler
A tanker carrying approximately 40,000 metric tons of Russian diesel has stalled in the North Atlantic before reaching the U.S. East Coast, with its next destination uncertain, international market intelligence provider Kpler said Tuesday.
The tanker AGIOI FANENDES loaded ultra-low sulfur diesel at Russia's Primorsk port on Oct. 23 and initially listed New York as its destination, with an expected arrival date of Nov. 7, Kpler said. However, its Automatic Identification System (AIS) destination was subsequently changed to "FOR ORDERS."
11 killed, 50 others injured in two pile-up accidents in Bulgaria
Eleven people were killed and 50 others injured in two pile-ups on the Trakia motorway near Yambol in southeastern Bulgaria on Tuesday morning.
Ten people died at the scene and another died later in hospital, while all 50 injured people were hospitalized, 13 of them with serious injuries, the country's Health Ministry said.
Yemen's Houthis claim missile, drone strikes on Saudi airport, oil facilities, financial center
Yemen's Houthi group said Tuesday it had carried out four military operations involving ballistic missiles and drones against an airport, oil infrastructure and a financial center in Saudi Arabia, as well as positions of Saudi-linked forces inside Yemen, claiming the attacks caused fires, damage and casualties.
In a statement aired by Houthi-run al-Masirah TV, Houthi military spokesman Yahya Sarea said the first operation targeted King Khalid International Airport in the Saudi capital Riyadh and several pumping stations along the kingdom's East-West oil pipeline, claiming "direct hits" that caused fires and damage.