Xinhua Myanmar

ဗြိတိန်ရဲတပ်ဖွဲ့က ရုရှားနိုင်ငံအတွက် သူလျှိုလုပ်ငန်း ဆောင်ရွက်ပေးသည်ဟု သံသယရှိသော အမေရိကန်စစ်သားတစ်ဦးအား ဖမ်းဆီး

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ ဂျူးဘုရားရှိခိုးကျောင်း တိုက်ခိုက်ခံရမှု အချင်းဖြစ်ပွားရာနေရာ၌ တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့နှင့် အရေးပေါ်တုံ့ပြန်ရေးဝန်ထမ်းများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်စစ်သားတစ်ဦးသည် ရုရှားနိုင်ငံအတွက် သူလျှိုလုပ်ငန်း ဆောင်ရွက်ပေးသည်ဟု သံသယရှိသဖြင့် နိုဝင်ဘာ ၁၀ ရက်တွင် ဗြိတိန်နိုင်ငံ၌ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ဗြိတိန်နိုင်ငံ ရဲတပ်ဖွဲ့က ထိုနေ့တွင် ပြောကြားခဲ့သည်။

အသက် ၄၁ နှစ်အရွယ် အမေရိကန် အဆင့်မြင့် စစ်သားတစ်ဦးသည် ထိုနေ့တွင် အင်္ဂလန် အနောက်တောင်ပိုင်း Gloucester ခရိုင် အနီးတစ်ဝိုက်၌ ဖမ်းဆီးခံခဲ့ရကြောင်း၊ ၎င်းသည် ဗြိတိန်နိုင်ငံ၏ “၂၀၂၃ ခုနှစ် အမျိုးသားလုံခြုံရေးဥပဒေ” ပါ ထိန်းသိမ်းထားသော အချက်အလက်များအား ရယူခြင်း သို့မဟုတ် ထုတ်ဖော်ခြင်း ၊ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့အစည်းအား ကူညီခြင်း သက်ဆိုင်ရာ သတ်မှတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က Gloucester ခရိုင်အတွင်းရှိ နှစ်နေရာတွင် ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်ရဲတပ်ဖွဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနက ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။

BBC သတင်းဌာန၏ သတင်းဖော်ပြချက်အရ အဆိုပါစစ်သားမှာ ထိုမတိုင်မီ Gloucester ခရိုင် ၏ Imjin စစ်စခန်း၌ အခြေစိုက်ခြင်းဖြစ်ကြောင်း၊ ထိုစစ်စခန်းသည် နေတိုးမဟာမိတ်တပ် လျင်မြန်စွာတုံ့ပြန်မှုတပ်ဖွဲ့ ရုံးချုပ်တည်ရှိရာနေရာဖြစ်သကဲ့သို့ နေတိုးအဖွဲ့၏ အရေးကြီး မဟာဗျူဟာမြောက် လှုပ်ရှားမှု အခြေစိုက်စခန်းလည်းဖြစ်ကြောင်း သိရသည်။

လန်ဒန်ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန ဒုတိယလက်ထောက် ကော်မရှင်နာ Vicki Evans က ယခုအကြိမ် ဖမ်းဆီးရေးလှုပ်ရှားမှုသည် “အလွန်ကြီးမားသော အနက်အဓိပ္ပာယ်” ရှိကြောင်း၊ သက်ဆိုင်ရာစွဲဆိုချက်များသည် ပြင်းထန်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အကြီးအကဲ Kash Patel က ယခုအကြိမ် ဖမ်းဆီးမှုနှင့် သူလျှိုလုပ်ငန်းဆောင်ရွက်မှု စွဲဆိုချက်များအပေါ် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက များစွာဂရုပြုလျက်ရှိကြောင်း ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါစစ်သားကို လက်ရှိတွင် လန်ဒန်မြို့ရှိ ရဲစခန်းတစ်နေရာ၌ ထိန်းသိမ်းထားကြောင်း လန်ဒန်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

---------------------

(Chinese Version)

英国警方逮捕一名涉嫌为俄罗斯从事间谍活动的美军士兵

新华社伦敦11月10日电(记者赵家淞 于艾岑)英国警方10日表示,一名美军士兵当天因涉嫌为俄罗斯从事间谍活动在英国被捕。  

英国伦敦警方反恐部门发表声明说,一名41岁的美军高级士兵当天在英格兰西南部格洛斯特郡附近被捕,其涉嫌违反英国《2023年国家安全法》中有关获取或披露受保护信息、协助外国情报机构的规定。警方正在格洛斯特郡两处地点展开搜查。  

据英国广播公司报道,这名士兵此前驻扎在格洛斯特郡的伊姆金军营。该军营是北约盟军快速反应部队总部所在地,也是北约重要的战略行动基地。  

伦敦警方反恐部门副助理警监维基·埃文斯表示,此次逮捕行动“意义重大”,相关指控性质严重,调查仍在进行中。美国联邦调查局局长卡什·帕特尔在一份声明中表示,此次逮捕涉及间谍活动指控,美方及其盟友对此高度关注。  

据伦敦警方通报,该名美军士兵目前被羁押在伦敦一处警察局。(完)

图说:2025年10月2日,警察和应急人员在英国曼彻斯特的犹太教堂袭击事件现场工作。新华社发

မူရင်းသတင်း — Xinhua Myanmar