
နယူးယောက်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန် အလုပ်သမားရေးဌာန၏ နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်သော စာရင်းအင်းအရ စွမ်းအင်ဈေးနှုန်းမြင့်တက်မှုနှေးကွေးသွားရာ အမေရိကန်နိုင်ငံ၏ အောက်တိုဘာလ စားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) လည်း နှေးကွေးစွာ မြင့်တက်လာသော်လည်း အဓိကငွေကြေးဖောင်းပွမှုမှာမူ ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်တည်ငြိမ်နေခဲ့သည်။
ဒေတာများအရ အောက်တိုဘာလ၏ CPI သည် ယခင်လနှင့် နှိုင်းယှဉ်ပါက ၀.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စက်တင်ဘာလ၏ ၀.၆ ရာခိုင်နှုန်းထက် နည်းသွားသည်။ သို့သော် စားသောက်ကုန်နှင့် စွမ်းအင်ကို ထည့်သွင်းခြင်းမရှိသော အခြေခံ CPI ၏ လအလိုက် မြင့်တက်နှုန်းမှာ ၀.၃ ရာခိုင်နှုန်းတွင် ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်တည်ရှိနေခဲ့သည်။
အောက်တိုဘာလအတွင်း နေထိုင်မှုကုန်ကျစရိတ်သည် ယခင်လနှင့် နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ထိုလ၏ CPI မြင့်တက်နှုန်းမှာ ၃၀ ရာခိုင်နှုန်းအထက် ရှိသည်ဟု အမေရိကန် အလုပ်သမားရေးဌာနက ပြောကြားသည်။ အစိုးရ ရန်ပုံငွေခွဲဝေမှုဆိုင်ရာ ပြဿနာများကြောင့် ယမန်နှစ် အလားတူကာလတွင် စစ်တမ်းဒေတာများ မရနိုင်ခဲ့သောကြောင့် ယခုနှစ် အောက်တိုဘာလအတွက် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်သော CPI စာရင်းအင်းကိုလည်း ရယူနိုင်ခြင်းမရှိပေ။
စာရင်းအင်းအချက်အလက်များအရ အောက်တိုဘာလတွင် စားသောက်ကုန်နှင့် စွမ်းအင်ဈေးနှုန်းညွှန်းကိန်းတို့သည် ယခင်လနှင့် နှိုင်းယှဉ်ပါက ၀.၅ ရာခိုင်နှုန်းနှင့် ၀.၇ ရာခိုင်နှုန်း အသီးသီး တိုးမြင့်ခဲ့သည်။ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးပစ္စည်း ဈေးနှုန်းသည် လအတော်ကြာ ဆက်တိုက်ကျဆင်းနေခဲ့ရာမှ အောက်တိုဘာလတွင် ယခင်လနှင့်နှိုင်းယှဉ်လျှင် ၀.၅ ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာခဲ့သည်။ အောက်တိုဘာလတွင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကုန်ကျစရိတ်သည် ယခင်လနှင့် နှိုင်းယှဉ်ပါက ၀.၈ ရာခိုင်နှုန်းအထိ တစ်ဆင့်တိုး မြင့်တက်ခဲ့သည်။
ငွေကြေးဖောင်းပွမှုဆိုင်ရာ နောက်ဆုံးစာရင်းအင်းထုတ်ပြန်ပြီးနောက် ဈေးကွက်တွင် အမေရိကန် ဗဟိုဘဏ်မှ အတိုးနှုန်းတိုးမြှင့်မည်ဟု မျှော်လင့်ချက်အားကောင်းလာခဲ့ပြီး ရေတိုအတိုးနှုန်းနှင့် နီးကပ်စွာ ဆက်စပ်နေသော အမေရိကန် ၂ နှစ် သက်တမ်းရှိ နိုင်ငံတော် ငွေတိုက်စာချုပ် အမြတ်နှုန်းသည် ၁၅ အခြေခံပွိုင့် (BPS) ကျော်အထိ သိသိသာသာ မြင့်တက်ခဲ့ပြီး ၄.၇၂ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန် ၁၀ နှစ်သက်တမ်းရှိ နိုင်ငံတော် ငွေတိုက်စာချုပ် အမြတ်နှုန်း တိုးမြင့်မှုသည် ၁၀ အခြေခံပွိုင့် (BPS) အထိ တစ်ဟုန်ထိုး ရောက်ရှိခဲ့သည်။ (Xinhua)



..........................
(Chinese Version)
美国10月核心通胀压力持续
新华社纽约11月10日电(记者刘亚南)美国劳工部10日发布的数据显示,由于能源价格涨幅回落,美国10月消费者价格指数(CPI)环比涨幅放缓,但核心通胀环比涨幅保持不变。
数据显示,10月消费者价格指数环比上涨0.4%,低于9月的0.6%,但扣除食品和能源后的核心消费者价格指数环比涨幅保持在0.3%不变。
美国劳工部表示,10月居住成本环比上涨0.3%,占当月消费者价格指数涨幅的30%以上。由于政府拨款问题导致去年同期未能提供调查数据,因而无法提供今年10月消费者价格指数的同比数据。
数据显示,10月食品和能源价格指数分别环比上涨0.5%和0.7%。医疗卫生商品价格结束此前几个月连续环比下跌,10月转为环比上涨0.5%。10月交通服务成本环比涨幅进一步提高至0.8%。
最新通胀数据公布后,市场对美联储加息预期增强,与短期利率联系密切的美国2年期国债收益率大幅上涨超过15个基点,突破4.72%;同时,美国10年期国债收益率涨幅一度达到10个基点。(完)
图说1:10月28日,在美国纽约,顾客排队等候进入一家样品尾货商店。新华社记者 张凤国 摄
图说2:10月31日,顾客在美国纽约一家服装店购物。新华社记者 张凤国 摄