မိုးကုတ်၊ နိုဝင်ဘာ- ၁၁- ၂၀၂၆
SA(VOM)
အရင်က TNLA နဲ့ ပူးပေါင်းပြီး ဒေသကာကွယ်ရေးဆိုကာ အစိုးရတပ်တွေကို တိုက်ခိုက်ခဲ့တဲ့ မိုးကုတ်ဒေသခံဖြစ်တဲ့ လီဆူတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အင်အား ၂၀၀ ဟာ တပ်မတော်ထံ အလင်းဝင်တဲ့အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက မိုးကုတ်မြို့က ပတ္တမြားမြေ မိုးလုံလေလုံ အားကစားခန်းမ မှာ ပြုလုပ်ခဲ့ပါတယ်။
ပစ္စတို ၃လက်၊ AK-47၊ M22၊ Type 81 သေနတ်နဲ့ ကျည်အိမ် စုစုပေါင်း ၈၄ လက် အပါအဝင် 7.62 mm ကျည် ၁၄၆၀ တောင့်၊ 9mm ကျည် ၇ တောင့် တို့ပါဝင်ခဲ့တာတွေ့ရပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ လက်နက်ကိုင်အဖွဲ့အသီးသီးကအလင်းဝင်ခဲ့တဲ့အင်အား စာရင်းတွေအရ ၂၀၀၀ ကျော်ရှိခဲ့ပြီး အခု ၂၀၀ ယောက်အပါအဝင် စုစုပေါင်း ၂၅၀၀ ဝန်းကျင်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
မိုးကုတ်မှာ လီဆူတိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့ အလင်းဝင်တဲ့ အခမ်းအနားကို မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဌေးတို့ တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
TNLA အဖွဲ့ကနေ တပ်မတော်ဆီကို အလင်းဝင်ခဲ့တဲ့ လီဆူလက်နက်ကိုင်အဖွဲ့ဟာ မိုးကုတ်မြို့ကို ကာကွယ်ဖို့ အဖွဲ့လီဆူအမျိုးသား ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ အနေနဲ့ တပ်မတော်မတော်နဲ့ ဆက်လက် လက်တွဲဆောင်ရွက်သွားမယ်လို့သိရပါတယ်။
အလင်းဝင်ရောက်လာသူတွေထဲက လီဆူကာကွယ်ရေးတပ်ရဲ့ ဗျူဟာမှူး ကိုဂူစီးနဲ့ လီဆူကာကွယ်ရေးတပ်ရဲ့ တပ်ဖွဲ့ဝင် မိစိုးတို့ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက မိုးကုတ်မြို့က အလင်းဝင်အခမ်းအနားမှာ တွေ့ဆုံမေးမြန်းထားတာကို တင်ဆက်ပေးလိုက်ပါတယ်။