ညောင်ဦး နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီများ ရောင်းချရသောကြောင့် ကြက်သွန်နီ စိုက်ပျိုးတောင်သူများ တွက်ခြေကိုက်နေကြကာ ယခုနှစ် ပိုမိုစိုက်ပျိုးရန် ကြက်သွန်စိုက်ပျိုးမြေများ စတင်ထွန်ယက် ပြုပြင်နေကြပြီဖြစ်ကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးဖိုးကျော်ထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ အများအပြားစိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်းတစ်လျှောက် စိုက်ပျိုးခြင်း၊ ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများမှ စိုက်ပျိုးခြင်း၊ ရေဆုံးအုပ်စုကျေးရွာများတွင် စိုက်ပျိုးခြင်းနှင့် စိတ္ထိန်း၊ ကမ်းဖြူကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။
ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးရန် ပျိုးထောင်ချိန်မှ စိုက်ပျိုးချိန်၊ နုတ်သိမ်းချိန်ထိ အချိန်ခြောက်လကျော် ကြာမြင့်ကြောင်း၊ ဆောင်းကြက်သွန်မျိုး စတင်ပျိုးထောင်ချိန် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပျိုးထောင်ကြပြီး ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်ခင်းအတွင်းသို့ ရွှေ့ပြောင်းစိုက်ရကြောင်း၊ ရွှေ့ပြောင်းမစိုက်ပျိုးခင်အချိန်ထိ ထွန်ရေးညက်အောင် ထွန်ယက်ရခြင်း၊ မြေဆီ၊ မြေဩဇာနှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူး တွင်းဖော်ရခြင်းများ ကြိုတင်လုပ်ဆောင်ထားရကြောင်း၊ စိုက်ပျိုးချိန် ပျိုးနုတ်ရန်၊ စိုက်ပျိုးရန် အလုပ်သမားများ ငှားရခြင်းများက ကြက်သွန်စိုက်ပျိုးသူများ ငွေကုန်ကြေးကျများသည့် လုပ်ငန်းဖြစ်သော်လည်း နှစ်စဉ်နှစ်တိုင်း စိုက်နေကြဖြစ်နေကြပြီး ယခုနှစ် ကြက်သွန်နီဈေးနှုန်း ကောင်းခြင်းကြောင့် ကြက်သွန်နီစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။
ဒီပါလင်း