Myanmar Digital News

ဂျပန်နိုင်ငံ၌ ယခုရာသီ၏ ပထမဆုံး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ့ရှိ

နိုဝင်ဘာ ၁၂

ဂျပန်နိုင်ငံအနောက်ပိုင်း ကျိုတိုခရိုင်ရှိ ကြက်မွေးမြူရေးခြံတစ်ခြံတွင် ကူးစက်ပြင်းထန် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါရောဂါဖြစ်ပွားမှုသည် ယခုရာသီအတွင်း ပထမဆုံးတွေ့ရှိရသော ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဖြစ်သည်ဟု သိရသည်။

ဂျပန်နိုင်ငံ၏ငှက်တုပ်ကွေးရာသီသည် ပုံမှန်အားဖြင့် ဆောင်းဦးရာသီမှ နောက်နွေဦးရာသီအထိ ကြာမြင့်သည်။

ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားနေသည့် ကြက်မွေးမြူရေးခြံသည် ကျိုတိုခရိုင် ကာမီအိုကာမြို့တွင် တည်ရှိပြီး ဥစားကြက်ကောင်ရေ ၂၀၀၀၀၀ ခန့် မွေးမြူထားသည်ဟု သိရသည်။

 

ထိုခြံရှိ ကြက်များတွင် ကူးစက်ပြင်းထန်သော ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်နေကြောင်းကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် မျိုးဗီဇစစ်ဆေးမှုမှတစ်ဆင့် အတည်ပြုနိုင်ခဲ့သည်။

ရောဂါထပ်မံပြန့်ပွားမှုကို ကာကွယ်ရန် သက်ဆိုင်ရာ ရောဂါထိန်းချုပ်ရေးစည်းမျဉ်းများနှင့်အညီ ထိုခြံရှိ ကြက်အားလုံးကို သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News