နိုဝင်ဘာ ၁၂
နယူးဇီလန်နိုင်ငံသို့ ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးသော တစ်နှစ်တာကာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုစုစုပေါင်း ၃ ဒသမ ၇၄ သန်းအထိ ရှိရာ ယခင်နှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ကိုးရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။
ဩစတြေးလျနှင့် တရုတ်နိုင်ငံတို့မှ ခရီးသွားများဝင်ရောက်မှုသည် ခရီးသွားစုစုပေါင်း၏ လေးပုံသုံးပုံနီးပါး ရှိသည်ဟု နယူးဇီလန် အမျိုးသားစာရင်းအင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
ဩစတြေးလျနိုင်ငံမှ ခရီးသွားဝင်ရောက်မှု ၁ ဒသမ ၆၁ သန်းရှိရာ ရှစ်ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံမှ ၃၄၀၁၀၀ ဦး ဝင်ရောက်မှုရှိကာ ၃၈ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာကြောင်း ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုမှလာရောက်သည့် ခရီးသွားအရေအတွက်သည်လည်း တစ်နှစ်တာအတွင်း စံချိန်တင် ၃၉၀၁၀၀ ဦးအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
အမေရိကန်နိုင်ငံမှလာရောက်သည့် ခရီးသွားဧည့် သုံးပုံနှစ်ပုံကျော်သည် နယူးဇီလန်သို့လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အပန်းဖြေအနားယူရန်နှင့် အားလပ်ရက်ခရီးထွက်ရန်ဖြစ်ကြောင်း၊ ယင်းအပန်းဖြေခရီးသွားလာမှုမှာလည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သုံးရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
အဆိုပါကာလအတွင်း နယူးဇီလန်နိုင်ငံသားများသည် အမေရိကန်ပြည်ထောင်စုသို့ ခရီးစဉ်ပေါင်း ၁၃၁၇၀၀ ကြိမ် သွားရောက်ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ယင်းကျဆင်းမှုမှာ အဓိကအားဖြင့် အားလပ်ရက်ခရီးစဉ်များ နည်းပါးလာခြင်းကြောင့်ဖြစ်ပြီး ၂၇ ရာခိုင်နှုန်း ကျဆင်းကာ ၅၄၉၀၀ ဦးသာ ရှိခဲ့သည်ဟု နယူးဇီလန် အမျိုးသားစာရင်းအင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
ထိုအေဂျင်စီကထုတ်ပြန်သော ယာယီခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးသော တစ်နှစ်တာကာလအတွင်း အသားတင် ရွှေ့ပြောင်းနေထိုင်သူ ၂၂၆၀၀ ဦး တိုးလာပြီး ယခင်နှစ်ထက် ၁၂၇၀၀ ဦး ပိုမိုများပြားလာခဲ့သည်ဟု သိရသည်။
ထုတ်ပြန်ထားသည့် စာရင်းအင်းအချက်အလက်များအရ ယင်းတိုးတက်မှုမှာ တစ်နှစ်တာအတွင်း ရွှေ့ပြောင်းဝင်ရောက်လာသူ အရေအတွက် မြင့်တက်လာခြင်းနှင့် နိုင်ငံမှ ပြန်လည်ထွက်ခွာသွားသူ အရေအတွက် လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ထိုကာလအတွင်း နယူးဇီလန်နိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၃၆၁၀၀ ဦးရှိခဲ့ပြီး ယခင်နှစ်ထက် ခုနစ်ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် နိုင်ငံမှ ထွက်ခွာသွားသူ ၁၁၃၅၀၀ ဦးရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သုံးရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို