Xinhua Myanmar

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်း ကောက်နုတ်ချက်

တရုတ်-အမေရိကန်ဆက်ဆံရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ရူဘီယို အပြုသဘောဆောင်၍ အကျိုးရှိသော တယ်လီဖုန်းဆက်သွယ်မှုပြုလုပ်ခဲ့

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် နိုဝင်ဘာ ၁၁ ရက်၌ တယ်လီဖုန်းဖြင့် အပြုသဘောဆောင်ပြီး အကျိုးရှိသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နှစ်ဖက်စလုံးသည် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန် ဆက်ဆံမှုများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ကာ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြသည်။

ယူကရိန်းဆွေးနွေးပွဲများတွင် ဥရောပလုံခြုံရေးစနစ် တည်ဆောက်မှုက အချက်အချာကျကြောင်း ရုရှားပြောကြား

ဥရောပ၏ လုံခြုံရေးစနစ် တည်ဆောက်မှုသည် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့တွင် ပြုလုပ်ခဲ့သည့် ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ၌ အဓိကဆွေးနွေးရမည့် အကြောင်းအရာဖြစ်ခဲ့ကြောင်း ရုရှားသမ္မတ၏ လက်ထောက် Vladimir Medinsky က နိုဝင်ဘာ ၁၁ ရက် ဆွေးနွေးပွဲပြီးနောက် ပြောကြားခဲ့သည်။

ရုရှားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Medinsky က ရုရှားနိုင်ငံအနေဖြင့် ဥရောပလုံခြုံရေးစနစ် တည်ဆောက်ရေးကိစ္စနှင့် ယူကရိန်းအရေး ပဋိပက္ခ ပြီးဆုံးသွားပြီးနောက် ဥရောပတစ်ဝန်း လုံခြုံရေးမူဘောင်တစ်ရပ် တည်ဆောက်ရေးကိစ္စတို့ကို အကြိမ်ကြိမ် တင်ပြဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်အောက်လွှတ်တော်က ကာကွယ်ရေးဝန်ကြီးအား စွဲချက်တင်ရန် ကြိုးပမ်းမှုကို တားဆီး

ရီပက်ဘလစ်ကန်ပါတီ အများစုထိန်းချုပ်ထားသည့် အမေရိကန်အောက်လွှတ်တော်သည် ကာကွယ်ရေးဝန်ကြီး Pete Hegseth အား စွဲချက်တင်ရေးနှင့်စပ်လျဉ်း၍  ထပ်မံသုံးသပ်စဉ်းစားရန် ကော်မတီတစ်ရပ်ထံ လွှဲပြောင်း‌ရေးအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၁၁ မဲ၊ ကန့်ကွက်မဲ ၂၀၄ မဲဖြင့် နိုဝင်ဘာ ၁၀ ရက်တွင် အတည်ပြုခဲ့ပြီး ထိုသို့မဲခွဲဆုံးဖြတ်မှုကြောင့် Hegseth အား စွဲချက်တင်ရန် ကြိုးပမ်းမှုမှာ ထိရောက်စွာ ပိတ်ပင်ခြင်းခံခဲ့ရသည်။

အဆိုပါ မဲခွဲဆုံးဖြတ်မှုသည် အီရန်နှင့် ဖြစ်ပွားနေသည့် အမေရိကန်၏ စစ်ပွဲအပါအဝင် အခြားစစ်ရေးတိုက်ခိုက်မှုများနှင့်ပတ်သက်၍ Hegseth အား စွဲချက်တင်ရန် အချက်များကို ရီပက်ဘလစ်ကန်အောက်လွှတ်တော်အမတ် Thomas Massie က ထုတ်ပြန်ခဲ့သည့်တစ်ရက်အလိုတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနအစီရင်ခံစာ အင်္ဂလိပ်ဗားရှင်းကို COP31 တွင် ထုတ်ပြန်

တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနအဖွဲ့၏ အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် နိုဝင်ဘာ ၁၀ ရက်တွင် တူရကီနိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်သော အန်တယ်လ်ယာမြို့၌ ကျင်းပနေသည့် ၃၁ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP31) တွင် ထုတ်ပြန်ခဲ့သည်။

“"ကြည်လင်ပြီး စိမ်းလန်းစိုပြည်တဲ့ တောတောင်ရေမြေတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ရတနာတွေဖြစ်တယ်" ဟူသောခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း” ဟု အမည်ပေးထားသည့် အဆိုပါအစီရင်ခံစာသည် တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအပေါ် မျှော်မှန်းချက်၊ လက်တွေ့အကောင်အထည်ဖော်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုတို့ကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိလာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ (Xinhua)

………..

(English Version)

Daily World Briefing, Nov. 12

Chinese FM holds positive, constructive phone talks with Rubio on China-U.S. ties

Chinese Foreign Minister Wang Yi on Wednesday held positive and constructive phone talks with U.S. Secretary of State Marco Rubio.

The two sides had an in-depth exchange of views on China-U.S. relations and the interaction between the two heads of state.

Russia says European security architecture central to Ukraine talks

Europe's security architecture was at the heart of the Russia-U.S.-Ukraine trilateral talks in Abu Dhabi, Russian Presidential Aide Vladimir Medinsky said after the talks on Wednesday.

Medinsky, head of the Russian delegation, said Russia had repeatedly raised the issue of building a European security architecture and that establishing a European security framework after the end of the crisis in Ukraine must be addressed.

U.S. House blocks impeachment effort against defense chief

The Republican-controlled U.S. House of Representatives on Tuesday voted 211-204 on a procedural motion to refer an impeachment resolution against Defense Secretary Pete Hegseth to a committee for further consideration, effectively blocking the impeachment effort.

The procedural vote came one day after Republican Representative Thomas Massie unveiled impeachment articles against Hegseth over the U.S. war with Iran and other military hostilities.

English version of think tank report on China's green development released at COP31

The English version of a think tank report on China's green development was released Tuesday at the 31st United Nations Climate Change Conference (COP31) in the Turkish coastal city of Antalya.

Titled "Lucid Waters and Lush Mountains Are Invaluable Assets -- China's Path to Green Development," the report aims to provide the international community with a comprehensive understanding of China's vision for green development, its practical implementation, and its global significance.

မူရင်းသတင်း — Xinhua Myanmar