Myanmar Digital News

နယူးယောက်စီးတီး အဆောက်အဦပြိုကျမှုကြောင့် သေဆုံးသူ နှစ်ဦးအထိ မြင့်တက်လာ

နိုဝင်ဘာ ၁၂

နယူးယောက်စီးတီး အဆောက်အဦပြိုကျမှုကြောင့် သေဆုံးသူဦးရေ နှစ်ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူများစွာ အခြေအနေစိုးရိမ်ရသည်ဟု အာဏာပိုင်များက  ယမန်နေ့က ပြောကြားခဲ့သည်။

နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီက  ဒဏ်ရာရရှိသူ ၁၀ ဦးကို အနီးအနားရှိ ဆေးရုံအသီးသီးသို့ ပို့ဆောင်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းတို့အနက် လေးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ၎င်းကဆိုသည်။

 မီးသတ်သမား ၂၅၀ ခန့်သည် အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု  မမ်ဒါနီက ထပ်လောင်းပြောကြားခဲ့သည်။

ဘရွတ်ကလင်မြို့နယ် ဖလက်ဘုရှ်ရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီးနောက် ညနေ ၄ နာရီခန့်တွင် အဆောက်အအုံအတွင်း လူများပိတ်မိနေကြောင်း သတင်းပေးပို့ချက်များကို လက်ခံရရှိခဲ့သည်ဟု နယူးယောက်မြို့ မီးသတ်ဌာန၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News