Xinhua Myanmar

တရုတ်နိုင်ငံ၏ အစိမ်းရောင်အသွင်ကူးပြောင်းမှုနှင့် ကမ္ဘာ့ရာသီဥတုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတို့ကို သမ္မတရှီ မည်သို့ပဲ့ကိုင်လမ်းညွှန်ပေးနေသနည်း

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်း Changping ခရိုင်၊ Baishan မြို့၌ သစ်ပင်စိုက်ပျိုးရေး လုပ်အားပေးအစီအစဉ်တစ်ခုတွင် သစ်ပင်စိုက်နေပုံကို ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ်အတွင်း ပြင်းထန်သည့် ရေကြီးရေလျှံမှုများ၊ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများနှင့် စံချိန်တင် အပူလှိုင်းကျရောက်မှုများကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုများ ပိုမိုပြင်းထန်လာခြင်းက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ချက်ချင်းလက်ငင်း ညှိနှိုင်းဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေသည်ကို ထပ်လောင်းအတည်ပြုလျက်ရှိသည်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ အလှည့်အပြောင်း အခြေအနေများနှင့် နီးကပ်လာစဉ် တူကီယဲနိုင်ငံ အန်တယ်လ်ယာမြို့၌ နိုဝင်ဘာ ၉ ရက်က စတင်ကျင်းပသည့် ၃၁ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP31) သည် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပိုမိုထိရောက်သော ကမ္ဘာ့ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ပြန်လည်မြှင့်တင်နိုင်ရန် အခွင့်အလမ်းသစ်တစ်ခု ပေးစွမ်းနိုင်မည်ဖြစ်သည်။

သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာတိုင်အောင် ပြည်တွင်း၌ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးနှင့် အစိမ်းရောင်အသွင်ကူးပြောင်းရေးတို့ကို မြှင့်တင်ဖော်ဆောင်ရန်နှင့် နိုင်ငံတကာ ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးထောက်ကူရန် အခိုင်အမာ သန္နိဋ္ဌာန်ချ လုပ်ဆောင်လျက်ရှိပြီး လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်ရပ်တည်မှုအပေါ် ခြိမ်းခြောက်မှုအဖြစ် လူအများက ရှုမြင်ထားသော ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ကမ္ဘာကြီးအတွက် ကြီးကြီးမားမား အကျိုးထမ်းဆောင်လျက်ရှိသည်။

"မိမိတို့၏ မျက်လုံးများကို ကာကွယ်စောင့်ရှောက်သည့်ပမာ"

"မိမိတို့ရဲ့ မျက်လုံးတွေကို ကာကွယ်စောင့်ရှောက်သလိုမျိုးပဲ သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်စောင့်ရှောက်သင့်ပါတယ်" ဟူသော အခမ်းအနားအသီးသီးတွင် သမ္မတရှီ ပြောကြားခဲ့သည့် ပြန်လည်အမှတ်ရဖွယ် အခြေခံအယူအဆသည် ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးအတွက် မူဝါဒဆိုင်ရာ ရွေးချယ်မှုတစ်ခုမျှသာမဟုတ်ဘဲ ၎င်း၏ ကိုယ်တွေ့အတွေ့အကြုံများမှ တိုက်ရိုက်ထွက်ပေါ်လာသော မဖြစ်မနေ လုပ်ဆောင်ရမည့် အရေးကြီးတာဝန်တစ်ရပ်ကို ချမှတ်ပေးခြင်းလည်းဖြစ်သည်။

"လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခုကျော်က ကျွန်တော်ဟာ တရုတ်နိုင်ငံ အနောက်ပိုင်း Loess ကုန်းမြင့်ဒေသက ရွာငယ်လေးတစ်ရွာမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်" ဟု ၂၀၂၀ ပြည့်နှစ်က ရာသီဥတုဆိုင်ရာ ကမ္ဘာ့တက္ကသိုလ်များ မဟာမိတ်အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များထံ ပြန်စာပေးပို့ရာတွင် ရှီက အမှတ်တရ ပြန်လည်ပြောဆိုခဲ့ဖူးသည်။

ထိုစဉ်က ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အကျွံ လုပ်ဆောင်ခဲ့သည့်အတွက် အဆိုပါဒေသရှိ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်မှာ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ရပြီး ယင်း၏ အကျိုးဆက်အဖြစ် ဒေသခံပြည်သူများမှာ ဆင်းရဲနွမ်းပါးမှု သံသရာထဲတွင် ပိတ်မိနေခဲ့ရသည်။ လူသားတို့နှင့် သဘာဝတရားသည် အပြန်အလှန် ဆက်နွှယ်နေသော အသိုက်အဝန်းတစ်ခုတည်းတွင် ရှင်သန်တည်ရှိနေကြောင်း၊ သို့ဖြစ်၍ သဘာဝတရားအား ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ခြင်းသည် နောက်ဆုံးတွင် လူသားတို့ကိုပင် ပြန်လည်ထိခိုက်စေမည်ဖြစ်ကြောင်း ထိုအတွေ့အကြုံက ၎င်းအား သင်ခန်းစာပေးခဲ့သည်။

တရုတ်ဂန္ထဝင်စာပေများကို ခုံမင်နှစ်သက်စွာ ဖတ်ရှုလေ့လာသူတစ်ဦးဖြစ်သည့် ရှီမှာ လူသားတို့အား သဘာဝတရား၏ အရေးပါသော အစိတ်အပိုင်းအဖြစ် ရှုမြင်သော တရုတ်ရိုးရာ အတွေးအခေါ်ဒဿနများ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးနေသူလည်းဖြစ်သည်။ "သက်ရှိအားလုံးဟာ သဟဇာတဖြစ်စွာ နေထိုင်ကြပြီး သဘာဝတရားကနေ အာဟာရဓာတ်တွေ ရယူရင်း ရှင်သန်ကြီးပြင်းလာကြတာပါ" ဟု ၎င်းက ပြောကြားခဲ့ဖူးသည်။

အဆိုပါ ခံယူချက်သည် ၂၀၀၅ ခုနှစ်က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ပါတီအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် ရှီ စတင်မိတ်ဆက်ခဲ့သည့် "ကြည်လင်၍ စိမ်းလန်းစိုပြည်သော တောတောင်ရေမြေတို့သည် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်" ဟူသော အထင်ကရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အယူအဆ၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာပြီးနောက် ရှီသည် ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးကို နိုင်ငံလုံးဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်ခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261109/47c233afe8b94177981694122bdfc78a/c.html

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့ရှိ Fenhe မြစ်၏ ရှုခင်းကို ၂၀၂၄ ခုနှစ် ဇွန် ၃ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

How Xi steers China's green transformation and global climate action

BEIJING, Nov. 9 (Xinhua) -- In 2026, the intensifying fallout of global climate change -- manifesting in catastrophic flooding, rampant wildfires, and record heatwaves -- reaffirms the imperative for immediate, coordinated global action.

With global climate tipping points looming, the 31st United Nations Climate Change Conference (COP31), set to kick off on Monday in Antalya, Türkiye, will offer a new opportunity for the international community to renew momentum for more effective global climate cooperation.

Under the leadership of President Xi Jinping, China has over the years stayed committed to advancing ecological protection and green transition domestically, and promoting international climate cooperation, making major global contributions to the world's fight against what many regard as an existential threat to humanity.

"LIKE WE PROTECT OUR EYES"

"We should protect the environment like we protect our eyes." This evocative principle -- voiced on various occasions by Xi -- frames ecological conservation not merely as a policy choice, but as a vital imperative drawn directly from his own experiences.

"Over four decades ago, I lived and worked for many years in a small village on the Loess Plateau in western China," Xi recalled in reply to a letter from student representatives of the Global Alliance of Universities on Climate in 2020.

Back then, the ecology and environment there was seriously damaged due to over-development, and the local people were trapped in poverty as a result. That experience has taught him that man and nature are a community of life and that the damage done to nature will ultimately hurt humanity.

An avid reader of Chinese classics, Xi has also been deeply influenced by the traditional Chinese philosophy that views man as an integral part of nature. "All beings flourish when they live in harmony and receive nourishment from nature," he has said.

This conviction underpins the signature environmental doctrine that "lucid waters and lush mountains are invaluable assets," which Xi first introduced in 2005 while serving as Party chief of east China's Zhejiang Province.

Upon becoming General Secretary of the Communist Party of China Central Committee in 2012, Xi made ecological conservation a national priority.

https://english.news.cn/20261109/47c233afe8b94177981694122bdfc78a/c.html

Photo caption 1: Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, plants a tree during a voluntary tree-planting activity at Baishan Town in Changping District of Beijing, capital of China, March 30, 2026. (Xinhua/Yan Yan)

Photo caption 2: An aerial drone photo taken on June 3, 2024 shows the scenery of the Fenhe River in Taiyuan, north China's Shanxi Province.  (Xinhua/Yang Chenguang)

မူရင်းသတင်း — Xinhua Myanmar