
ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် ပါရီလာတို့ နိုဝင်ဘာ ၁၁ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်း မကြုံစဖူး ပြောင်းလဲမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ အခြေအနေများ မည်သို့ပင် ပြောင်းလဲလာစေကာမူ ကျူးဘားနိုင်ငံက ၎င်း၏ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် တရားဝင် အခွင့်အရေး၊ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊ ပိတ်ဆို့အရေးယူမှုများ၊ ပိတ်ဆို့ဖြတ်တောက်မှုများနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်ရာတွင်လည်းကောင်း တရုတ်နိုင်ငံအနေဖြင့် ခိုင်မာစွာ ထောက်ခံအားပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................
(English Version)
China firmly backs Cuba in safeguarding rights, interests: Chinese FM
BEIJING, Nov. 11 (Xinhua) -- Chinese Foreign Minister Wang Yi held talks with Cuban Minister of Foreign Affairs Bruno Rodriguez Parrilla in Beijing on Wednesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that the world is facing unprecedented changes in a century, and no matter how the situation evolves, China will firmly support Cuba in safeguarding its national sovereignty and legitimate rights and interests, and in opposing sanctions, blockades and external interference. ■
Photo captions: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with Special Envoy of the Communist Party of Cuba (PCC) and the Cuban Government, Member of the Political Bureau of the PCC Central Committee and Minister of Foreign Affairs Bruno Rodriguez Parrilla in Beijing, capital of China, Nov. 11, 2026. (Xinhua/Tian Yu)