
ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အလေးအမြတ်ထားရသော တော်လှန်ရေးရှေ့ဆောင်ဖခင်ကြီးတစ်ဦးဖြစ်သည့် ဒေါက်တာ ဆွန်ယက်ဆင်၏ အမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းကြရန်၊ တရုတ်အမျိုးသားတို့၏ မဟာပြန်လည်အားသစ်လောင်းရေးအတွက် အတူတကွ ကြိုးပမ်းအားထုတ်ကာ ခေတ်သစ်အစပြုချိန်မှစ၍ တရုတ်ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် ကြီးကျယ်ခမ်းနားသော မျှော်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ကြရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာ ၁၂ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ဒေါက်တာဆွန်ယက်ဆင်၏ နှစ် ၁၆၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပေကျင်းမြို့တွင် ကျင်းပသည့် အခမ်းအနား၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၁၈၆၆ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဆွန်သည် လွန်ခဲ့သော ရာစုနှစ်တစ်ခုကျော်က တရုတ်နိုင်ငံအား နှစ်ပေါင်းထောင်ချီ အုပ်စိုးခဲ့သည့် သက်ဦးဆံပိုင်ဘုရင်စနစ် ချုပ်ငြိမ်းစေရန် ၁၉၁၁ ခုနှစ် တော်လှန်ရေးကို ဦးဆောင်ခဲ့သူဖြစ်သည်။ ဆွန်သည် ၁၉၂၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
ပြည်သူ့ခန်းမဆောင်၌ ကျင်းပသည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ရှီက ဆွန်အား ကြီးမြတ်သော နိုင်ငံ့သူရဲကောင်းတစ်ဦး အဖြစ်လည်းကောင်း၊ ကြီးမြတ်သော မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးနှင့် တရုတ်နိုင်ငံ၏ ဒီမိုကရေစီတော်လှန်ရေးတွင် ကြီးမြတ်သော ရှေ့ဆောင်လမ်းပြတစ်ဦးအဖြစ်လည်းကောင်း ချီးကျူးဂုဏ်ပြုခဲ့သည်။
တရုတ်ကွန်မြူနစ်တို့သည် ဆွန်ယက်ဆင် အစပြုခဲ့သည့် တော်လှန်ရေးလုပ်ငန်းစဉ်ကို အခိုင်မာဆုံး ထောက်ခံအားပေးသူများ၊ သစ္စာအရှိဆုံးဖြင့် ပူးပေါင်းဆောင်ရွက်သူများ၊ စွဲမြဲခိုင်မာစွာ ဆက်ခံသူများဖြစ်ကြကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။
နှစ်ပေါင်း ၁၀၀ ကျော်တိုင်တိုင် CPC သည် တရုတ်နိုင်ငံ၏ သမိုင်းကြောင်းတွင် အခမ်းနားဆုံးသော ကမ္ပည်းမော်ကွန်းသစ် ရေးထိုးရာတွင် တရုတ်ပြည်သူများကို ဦးဆောင်ဦးရွက်ပြုခဲ့သည်ဟုလည်း ရှီက ဆိုသည်။
"ဒေါက်တာဆွန်ကို အောက်မေ့ဂုဏ်ပြုတဲ့ အကောင်းဆုံးနည်းလမ်းကတော့ သူ့ရဲ့အလွန်တန်ဖိုးထား လေးစားထိုက်တဲ့ စိတ်ဓာတ်ကို အတုယူ၊ အမွေဆက်ခံပြီး လက်ဆင့်ကမ်းထိန်းသိမ်းသွားဖို့၊ ကြီးမြတ်တဲ့ နိုင်ငံတော်တည်ဆောက်ရေးနဲ့ တရုတ်အမျိုးသားတို့ရဲ့ မဟာပြန်လည်အားသစ်လောင်းရေး ကြိုးပမ်းမှုတွေကို မမှိတ်မသုန် ဆက်လက်ဖော်ဆောင်သွားဖို့ပဲဖြစ်တယ်" ဟု ရှီက ပြောကြားခဲ့သည်။ (Xinhua)
..................................
(English Version)
Xi calls for carrying forward Sun Yat-sen's legacy in national rejuvenation drive
BEIJING, Nov. 12 (Xinhua) -- Chinese President Xi Jinping on Thursday called for carrying forward the legacy of Sun Yat-sen, one of the nation's revered revolutionary forefathers, to make joint efforts for national rejuvenation and turn into reality the great dream of all Chinese people since the advent of modern times.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the remarks at a gathering held in Beijing to commemorate the 160th anniversary of Sun's birth.
Born in 1866, Sun led the Revolution of 1911 more than a century ago to abolish the absolute monarchy that had ruled China for thousands of years. Sun died in 1925.
Addressing the event in the Great Hall of the People, Xi hailed Sun as a great national hero, a great patriot and a great pioneer of China's democratic revolution.
Xi noted that Chinese communists are the most steadfast supporters, loyal collaborators, and faithful successors to the revolutionary cause initiated by Sun.
For more than 100 years, the CPC has led the Chinese people in writing the most magnificent chapter in the history of the Chinese nation, Xi said.
"The best way for us to remember Dr. Sun is to emulate, inherit and carry forward his invaluable spirit, steadily advancing our endeavors to build a great country and rejuvenate our nation," Xi said.
Photo caption: Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, delivers an important speech during a gathering commemorating the 90th anniversary of the victory of the Red Army's Long March held at the Great Hall of the People in Beijing, capital of China, Oct. 22, 2026. (Xinhua/Yao Dawei)