
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း ယမန်နေ့ နိုဝင်ဘာ ၉ ရက်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ယနေ့ နိုဝင်ဘာ ၁၀ ရက်၌ ကျီးဖြူကန်နှင့် ကုန်းလှိုင်ရေကန်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။
အေးသာယာမြို့ရှိ ကျီးဖြူကန်တွင် ရေပိုလွှဲမှ ရေလွှဲထားပြီး စိုးရိမ်စရာအခြေအနေ မရှိသေးကြောင်း သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
ထို့အတူ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူကလည်း ကျီးဖြူကန်နှင့် ကုန်းလှိုင်ကန် ရေကြီးမှု အခြေ အနေနှင့် ပတ်သက်၍ စိုးရိမ်ရသည့်အခြေအနေ မရှိသေးသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ရခြင်း မရှိသေးကြောင်း ပြောဆိုခဲ့သည်။
ကုန်းလှိုင်ကန်ရေ မြင့်တက်မှုကြောင့် ရွှေညောင်မြို့ပေါ်ရှိ အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ရှိနေပြီး စပါးခင်းမျာလည်း ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။