Kanbawza Tai News

ထိုင်းတက္ကသိုလ် ပထမနှစ်ကျောင်းသား NASA ရဲ့ ဆိုက်ဘာလုံခြုံရေး အားနည်းချက်ကို ရှာဖွေတွေ့ရှိ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

ထိုင်းနိုင်ငံ ခွန်ကဲန်တက္ကသိုလ်က ပထမနှစ်ကျောင်းသား သနဖွန် ဘတ်စရီချာဟာ အမေရိကန်အာကာသ အေဂျင်စီ NASA ရဲ့ ကွန်ပျူတာစနစ်မှာ XSS ဆိုတဲ့ ဆိုက်ဘာလုံခြုံရေးချို့ယွင်းချက်ကို တွေ့ရှိပြီး တာဝန်ယူမှုရှိရှိ သတင်းပေးခဲ့ တာကြောင့် NASA က နိုဝင်ဘာ ၅ ရက်မှာ ကျေးဇူးတင်စာ ပေးပို့ခဲ့ပါတယ်။

“nullbyt3z” ဆိုတဲ့ အွန်လိုင်းနာမည်နဲ့ လုပ်ဆောင်ခဲ့တဲ့ ကျောင်းသားဟာ ဝက်ဘ်စာမျက်နှာတွေထဲ အန္တရာယ်ရှိတဲ့ ကုဒ်တွေ ထည့်သွင်းနိုင်တဲ့ XSS ချို့ယွင်းချက်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူက ချို့ယွင်းချက်ကို အသုံးချတာ ဒါမှမဟုတ် အများပြည်သူကို ထုတ်ဖော်တာမလုပ်ဘဲ NASA ရဲ့ တရားဝင်လုံခြုံရေးလမ်းကြောင်းကနေ တိုက်ရိုက် သတင်းပေးခဲ့တာဖြစ်ပါတယ်။ တက္ကသိုလ်ကလည်း ဒါဟာ “တာဝန်ယူမှုရှိတဲ့ ချို့ယွင်းချက်ဖော်ထုတ်မှု” ဖြစ်တယ်လို့ ပြောပါတယ်။

ကျောင်းသားက ဒီချို့ယွင်းချက်ကို ရှာဖွေဖို့ တစ်လခန့် ကြိုးစားခဲ့ရပြီး ကမ္ဘာ့အဆင့်အဖွဲ့အစည်းတစ်ခုရဲ့ စနစ်လုံခြုံရေး အတွက် ကူညီနိုင်ခဲ့တာ ဂုဏ်ယူတယ်လို့ ပြောပါတယ်။ ခွန်ကဲန်တက္ကသိုလ်ကတော့ ဒီဖြစ်ရပ်ဟာ ကျောင်းသားတွေရဲ့ နည်းပညာကျွမ်းကျင်မှုနဲ့ ပရော်ဖက်ရှင်နယ်ကျင့်ဝတ် နှစ်ခုလုံးကို ပြသတာဖြစ်တယ်လို့ ပြောပါတယ်။

Ref – Bangkok Post

မူရင်းသတင်း — Kanbawza Tai News