တိုကျို နိုဝင်ဘာ ၁၁
နောက်ဆုံးပေါ် အေအိုင်နည်းပညာသုံး လူပုံစံတူစက်ရုပ်ကို တိုကျိုမြို့အနီး ချီဘာမြို့၌ပြုလုပ်သည့် ပြပွဲတွင် ပြသထားသည်။ ဂျပန် ပြည်တွင်းနှင့်နိုင်ငံရပ်ခြားမှ အဖွဲ့အစည်းနှင့်ကုမ္ပဏီပေါင်း သုံးဆယ်ခန့်သည် ၎င်းတို့၏ နောက်ဆုံးပေါ် နည်းပညာများကို အဆိုပါပြပွဲ၌ လာရောက်ပြသကြသည်။
လုပ်ငန်းခွင်တွင် စက်ယန္တရားကြီးများကို စီမံခန့်ခွဲနိုင်မည့် စက်ရုပ်တစ်ရုပ်ကို ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက တီထွင်လျက်ရှိရာ အဆိုပါစက်ရုပ်ကို အေအိုင်ဖြင့် မည်သို့မောင်းနှင်ရမည်ကို သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အရှိန်မြှင့် မောင်းနှင်နိုင်မှုနှင့် ဘရိတ်အုပ်နိုင်မှုစွမ်းရည်တို့ကြောင့် လာရောက်ကြည့်ရှုသူများကိုဆွဲဆောင်နိုင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်လမှစတင်၍ အဆိုပါစက်ရုပ်တီထွင်မှုကို စတင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားရှားပါးမှုကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားသည်။
တရုတ်နိုင်ငံအခြေစိုက် စက်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကလည်း အမျိုးအစားနှင့်အရွယ်အစားကို ခွဲခြားနိုင်စွမ်းရှိသည့် စက်ရုပ်ကို မိတ်ဆက်ထားပြီး ယင်းက ကုန်စည်ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းခွင်တွင် ဝင်ရောက်နေကြောင်းနှင့် လူပုံစံတူစက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းမှာ လက်ရှိတွင် ကနဦးအဆင့်တွင်သာရှိသေးကြောင်း အဆိုပါ ကုမ္ပဏီကပြောကြားသည်။ ယင်းပြပွဲကို နိုဝင်ဘာ ၁၃ ရက်အထိ ကျင်းပသွားမည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ