MyTech Myanmar

အန္တာတိက အာထရာမာရသွန်ပြိုင်ပွဲမှာ ဘက်ထရီကုန်သွားလို့ ၃ ကီလိုမီတာပြေးအပြီးမှာတင် ရပ်တန့်သွားတဲ့ လူတူစက်ရုပ်

အပူချိန် -၂၄ ဒီဂရီစင်တီဂရိတ် (-၁၁ ဒီဂရီဖာရင်ဟိုက်) အထိ ကျဆင်းနေတဲ့ အန္တာတိကမှာ ကျင်းပတဲ့ အာထရာမာရသွန်ပြိုင်ပွဲမှာ Qestr အမည်ရ လူတူစက်ရုပ်ဟာ ၃ ကီလိုမီတာမျှသာ ပြေးပြီးနောက် ရပ်တန့်သွားခဲ့ပါတယ်။

 

အဲဒီစက်ရုပ်ဟာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ အရှေ့ပိုင်း အန္တာတိကရှိ Ultima Camp မှာ ကျင်းပတဲ့ Antarctic Ice Ultra ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြင်းထန်တဲ့ အအေးဒဏ်ကနေ ကာကွယ်ဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ အနွေးထည်ကို ဝတ်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ Qestr ဟာ ဘက်ထရီကုန်သွားပြီးနောက် ဆက်မပြေးနိုင်ခဲ့ပါဘူး။

 

ပြိုင်ပွဲမှာ ၅၀ ကီလိုမီတာ၊ ၈၀ ကီလိုမီတာ၊ ၁၀၀ ကီလိုမီတာနဲ့ ၁၀၀ မိုင် (၁၆၀.၉ ကီလိုမီတာ) အကွာအဝေးတွေ ပါဝင်ပါတယ်။ စက်ရုပ်က ၃ ကီလိုမီတာလောက်ပဲ ပြေးနိုင်ခဲ့ပေမဲ့ တရုတ်အပြေးသမား Yusheng Ni ကတော့ ၁၀၀ မိုင် ပြိုင်ပွဲကို ၁၇ နာရီ၊ ၂ မိနစ်နဲ့ ၂၄ စက္ကန့်အတွင်း ပန်းဝင်နိုင်ခဲ့ပါတယ်။

 

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar