နေပြည်တော် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ရွှေမြို့ နန့်ပန်ရပ်ကွက်၊ ဝန်းရပ်ကွက်၊ မြို့လယ်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်တို့အတွင်း ရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသဖြင့် ရေဘေးသင့် အိမ်ထောင်စု ၈၄ စု စုစုပေါင်း ဒေသခံတိုင်းရင်းသား ပြည်သူ ၂၈၃ ဦးတို့အား ညောင်ရွှေမြို့ မြို့မရန်ကုန်ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ယာယီရေဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်၍ ပြည်သူများအား ပြောင်းရွှေ့နေရာချထားပေးလျက်ရှိသည်။
အဆိုပါ ရေဘေးသင့်ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်သည်။
ဆက်လက်ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့ ရေကြီးရေလျှံမှုဖြစ်ပွားရာ နေရာများသို့ သွားရောက်ပြီး နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ထို့ပြင် နယ်မြေခံဆေးကုသရေး အဖွဲ့များကလည်း ရေဘေးသင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်