နေပြည်တော် နိုဝင်ဘာ ၁၂
ရာသီဥတုဖောက်ပြန်ခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ပွားခြင်းကြောင့် နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အဆိုပါရေဘေးကြောင့် ယာယီရွှေ့ပြောင်း ရန်လိုအပ်သူများအား အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ ယာယီရေဘေးရှောင်စခန်းများသို့ ရောက်ရှိနေကြသော ပြည်သူများအား စားရေရိက္ခာများထောက်ပံ့ခြင်း၊ နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်ထောင်စုအဆင့်ကလည်း ပံ့ပိုးဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်နှင့် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူတို့သည် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်း (ယာယီရေဘေးရှောင်စခန်း)သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးအားပေးနှုတ်ဆက်ခြင်း၊ လတ်တလောစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်ရိက္ခာဖိုးငွေ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်သည်။
အဆိုပါစခန်းရှိ ရေဘေးသင့်အိမ်ထောင်စု ၁၉၇ စုမှ လူဦးရေ ၇၀၈ ဦးအတွက် ထောက်ပံ့မှုတန်ဖိုးမှာ ငွေကျပ် ၁၂၁၆၈၃၀၀ ဖြစ်ပြီး ယနေ့အထိ ထောက်ပံ့ပြီးစီးမှုမှာ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ယာယီရေဘေးရှောင်စခန်းများဖြစ်သည့် ဗုဒ္ဓရာဇာဘုန်းတော်ကြီးကျောင်း၊ စွန္ဒီဂျာမေ့ဗလီနှင့် ဇိနဝရကျောင်းတို့၌ ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု ၈၅ စုမှ လူဦးရေ ၃၈၃ ဦးအတွက် ထောက်ပံ့မှုတန်ဖိုး ငွေကျပ် ၁၉၁၅၀၀၀၊ လင်းခေးခရိုင် မောက်မယ်မြို့နယ် ယာယီရေဘေးရှောင်စခန်း ခုနစ်ခုတွင် ရောက်ရှိခိုလှုံနေသော အိမ်ထောင်စု ၂၇၂ စုမှ လူဦးရေ ၁၁၈၁ ဦးအတွက် ငွေကျပ် ၅၉၀၅၀၀၀ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်